အပိုင်း - (၂၅)

14.2K 773 38
                                        

ကိုကိုကြီးတို့ပြန်သွားပြီးတော့ ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက် ရွာထိပ်ကထန်းတောဘက်ကို ထွက်လာကြသည်။

မေတ္တာရှိကြောင်းပြောပြီးတင်တောင်းတာက ရှက်စရာမဟုတ်ပေမယ့် အခုပစ်တိုင်းထောင်အခြေအနေက အရိပ်နေနေ အခက်ချိုးချိုး ဆိုတဲ့စကားပုံလိုဖြစ်နေပြီး သူကြီးအိမ်မှာ မျက်နှာပြောင်နဲ့ဆက်နေနိုင်ဖို့အထိ သတ္တိမရှိတာကြောင့် နေ့လယ်ကတည်းက မညိုမြရဲ့ထန်းရည်ဆိုင်မှာ သောင်တင်နေခြင်းဖြစ်သည်။ 

" ဆျာထောင်တို့က လုပ်လိုက်ရင် ရိုက်ပေါက်တွေကြီးပဲ... တပည့်ဖြင့် ခုနက မြို့အုပ်မင်းလက်ချက်နဲ့ နာပြီထင်တာ "

" ဟေ့ကောင်... သောက်စရာရှိရင် ပါးစပ်ပိတ်ပြီးသောက်... နားရင်းထတီးလိုက်ရ "

ရေချိန်ကိုက်နေသည် မဟုတ်သော်လည်း ထန်းရည်တစ်ခွက်နှစ်ခွက်ဝင်ထားသည်မို့ ပုံမှန်နဲ့မတူပဲ အာသွက်လျှာသွက်ဖြစ်နေတဲ့ခွေးပုကို မာန်မဲလိုက်သည်။ သူကိုယ်တိုင်ကတော့ အဆာပြေချထားတဲ့မြေပဲလှော်ကို ပါးစပ်ထဲကောက်ဝါးလိုက်သည်။

" ဆျာထောင် အခုဘာဆက်လုပ်မှာလဲ "

" မသိဘူးကွာ... ဟေ့ကောင် မင်း တော်ပြီလား... တော်ပြီဆိုရင် ကိုမင်းမျိုးရုံးခန်းကို သွားကြမယ် "

မျက်စိရှေ့မှာ ကုန်သွားတဲ့သုံးအိုးမြောက်မြူအိုးကို မျက်စပစ်ပြီးပြောတော့ ခွေးပုက ခေါင်းညိတ်ပြသည်။ 

" အိမ်မပြန်သေးဘူးလား ဆျာထောင်ရ... တော်ကြာရင် မှောင်တော့မယ်လေ... သူကြီးစိတ်ပူနေဦးမယ် "

" မင့်မလိုက်ချင်ရင်နေခဲ့... ငါ သွားပြီ "

" ဟာ ဆျာထောင် .. နေဦးလေ . လိုက်မယ်လို့ "

မနက်ကအခန့်သားဝတ်လာတဲ့ပိုးပုဆိုးကို ခပ်တိုတိုဝတ်လို့ အနားကထွက်သွားတဲ့ဆရာသမားကြောင့် ခွေးပုမှာ စတီးပန်းကန်ထဲက မြေပဲလှော်ကို လက်ခုပ်ထဲအမြန်ထည့်လို့ ဆရာသမားအနောက်ကို ခပ်သုတ်သုတ်လိုက်ရသည်။ 

" ဟယ်... မောင်လေးထောင်ထောင် ပြန်တော့မလို့လား... အစ်မက ဒီမှာမောင်လေးအတွက် ငါးခြောက်ဖုတ်လာတာ... စားသွားဦးလေ. အဟိ "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]Where stories live. Discover now