ဒင်္ဂါးကို အဝတ်လျှော်၊ အဝတ်လှန်းကူညီပြီးတော့ ပစ်တိုင်းထောင်က အိမ်ပေါ်အရင်တက်သွားသည်။ ပစ်တိုင်းထောင်သွားတော့မှ ဒင်္ဂါးလည်းရေကိုခပ်သွက်သွက်ချိုးပြီး အိမ်ပေါ်တက်လာသည်။ အခန်းတံခါးဖွင့်လိုက်တော့ တံခါးဘက်ကိုကျောပေးပြီး ကြမ်းပြင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ ပစ်တိုင်းထောင်ကြောင့် သိလိုစိတ်နဲ့အနားတိုးကြည့်မိတော့
" ပစ်တိုင်းထောင်. ဘာလုပ် ~ "
" အစ်ကို လာပြီလား... ဒီမှာထိုင်. အစ်ကိုလိမ်းဖို့သနပ်ခါးသွေးထားပေးတယ် "
ကျောက်ပျဥ်ပေါ်မှာ အဝါနှစ်တွေမွှေးနေတဲ့သနပ်ခါးတွေက အပြည့်။ ဒင်္ဂါး ရေမချိုးခင်တုန်းက အခန်းထဲမှာကျောက်ပျဥ်နဲ့ သနပ်ခါးတုံးမရှိပါ။ ရွာမှာညအိပ်ရင် လိမ်းနေကြဆိုပေမယ့် ဒီကိုလိုက်လာတော့ တကူးတကမယူဖြစ်ခဲ့။ ဒါကို ပစ်တိုင်းထောင်က ဘယ်ကနေရလာသလဲ။
" ဘယ်သူ့ပစ္စည်းတွေလဲ... မမကြီးဆီကလား "
ဒီအိမ်မှာ မိန်းကလေးဆိုလို့ မမကြီးပဲရှိသည်မို့ ဒင်္ဂါးတွေးဆဆမေးမိတော့ ပစ်တိုင်းထောင်က ရယ်သည်။
" မဟုတ်ပါဘူးဗျာ... အစ်ကို့အပိုင်ပါ "
ပစ်တိုင်းထောင်ပြောတာကို နားမလည်ဟန်နဲ့ ကြောင်တောင်တောင်လေး ပြန်ကြည့်လာတဲ့ရွှေဒင်္ဂါးကြောင့်
" အစ်ကို ဒီကိုလိုက်လာရင် သုံးလို့ရအောင်လို့ ပြီးခဲ့တဲ့တစ်ခေါက် အိမ်ပြန်လာကတည်းက အရီးချိုကို ကြိုဝယ်ခိုင်းထားခဲ့တာ... ဘယ်လိုလဲ . ကျွန်တော် တော်တယ်မလား "
" မင်းကလည်း လူကြီးကို အားနာစရာကြီး "
" အော်. အစ်ကိုရယ်... ကြံဖန်ပြီးအားနာတတ်ရန်ကော... အားနာချင်သပဆိုလည်း ဒီကခန့်ခန့်ညားညား အစ်ကိုအမျိုးသားကိုအားနာလှည့်. ဟုတ်ပြီလား "
သူ့ရင်ဘတ်သူပုတ်ကာ အစ်ကို့အမျိုးသား ဆိုလေသူကြောင့် ဒင်္ဂါးမှာ ရယ်ရခက်၊ ငိုရခက်။ ပစ်တိုင်းထောင်က ကျန်တဲ့အရာတွေ လိမ္မာလာပေမယ့် ကိုယ်ရည်သွေးတတ်တဲ့အကျင့်ကတော့ မွေးရာပါဗီဇဖြစ်ပေလိမ့်မည်။
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]
General Fictionရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024
![မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]](https://img.wattpad.com/cover/364948445-64-k218573.jpg)