ဇာတ်သိမ်းပိုင်း

23K 898 76
                                        

" မမကြီးနဲ့ အစ်ကိုက ဘယ်သွားမလို့လဲ "

အိမ်အပေါ်ထပ်ကနေ လေတချွန်ချွန်နဲ့ ဆင်းလာတဲ့ပစ်တိုင်းထောင်က လှေကားထိပ်ရောက်တော့ အထုပ်တွေဆွဲပြီး မမကြီးအနောက်ကနေ လိုက်သွားတဲ့ရွှေဒင်္ဂါးကို မြင်လိုက်ရသည်မို့ မေးလိုက်သည်။ 

" အော်. မောင်ငယ် နိုးပြီးလား... ဒါဆို အတော်ပဲ... မင့်အစ်ကိုနဲ့ ဘွားဘွားကြီးတို့အိမ်ကို ဒါလေးတွေသွားပို့ပေးဦး... အထက်ဘက်က မြို့အုပ်ဦးအောင်ရွှေက ပေးလိုက်တာလို့ ပြောပေးဦးနော် "

မမကြီးက ပစ်တိုင်းထောင်အသံကြားတော့ ခြေလှမ်းတွေကို အနောက်ပြန်လှည့်လာပြီး အပြုံးလေးနဲ့ စကားဆိုလာသည်။ မနက်နိုးကတည်းက မမြင်ရသေးတဲ့ အစ်ကို့မျက်နှာလေးကတော့ အရင်လိုပဲ ကြည်ကြည်အေးအေးနဲ့ ရှင်းရှင်းလေးသာ။ 

" ဦးအောင်ရွှေဆိုတာ ဟိုဗိုက်ရွှဲရွှဲနဲ့လူကြီးလား... ဒီလူကြီးက အခုထိလာရှုပ်နေတုန်းလား... ကျွန်တော် ပညာပေးထားတာ မမှတ်သေးဘူးထင်တယ် "

" သူက အရင်လိုမဟုတ်တော့ပါဘူး မောင်ငယ်ရယ်... ပြောင်းလဲသွားပါပြီ "

" မပြောင်းလဲလို့လည်း ရမလား... မပြောင်းလဲရင် ကိုကိုကြီးနဲ့မတွေ့ခင် ပစ်တိုင်းထောင်လက်သီး အရင်မြည်းစမ်းသွားရမယ် . ဟမ်! "

" ဟုတ်ပါပြီ အစ်ကိုကြီးရယ်... အခုတော့ ဒီဟာတွေကို ဘွားဘွားကြီးတို့အိမ်ကို အရင်ပို့ပေးပါဦး... အော်. ပြီးတော့ ဒင်္ဂါးလေး ကျောက်ကျောကျိုထားတာလေးလည်း မမကြီးကိုတစ်ချက်ကြည့်ပေးခဲ့ဦးနော် "

" ဟုတ်... မမကြီး "

ခင်ခင်က မောင်ငယ့်ကိုလည်းပြောရင်း ဒင်္ဂါးလေးကိုလည်း တစ်လှည့်မှာလိုက်သည်။ မနက်စောစောတစ်ခေါက်က သူ(မ)နဲ့ ဒင်္ဂါးလေး မေမေတို့အိမ်မှာ အချိုပွဲကပ်ဖို့ ကျောက်ကျောသွားကျိုပေးထားခဲ့သည်မို့။ ခင်ခင့်စကားကို ခေါင်းညိတ်ပြီး မျက်စိရှေ့ကထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ခင်ခင်ပြုံးမိသည်။ သွေးပူ၊ သွေးဆူလွယ်တဲ့မောင်ငယ့်ကို ထိန်းချုပ်နိုင်သူက စကားနည်းပြီးအနေအေးတဲ့ ဒင်္ဂါးလေးမှလွဲပြီး တစ်ခြားသူမရှိနိုင်တော့ပေ။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [COMPLETED]Where stories live. Discover now