ကျစ် !
ထယ်ယောင်းလက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်ကာ စိတ်မရှည်စွာ စုတ်တစ်ချက်သတ်မိလိုက်သည်...
"မီးပွိုင့်ကအရေးထဲမှကွာ ..မြန်မြန်မောင်းလို့ပြောနေခဲ့တာကိုလိပ်လိုမောင်းနေတယ် "
ထယ်ယောင်းစိတ်ပျက်ညည်းညူမိတော့ ရှေ့ကကားdriverချွေးဇောပြန်လေပြီ ..
"ဟေး ဟိုမယ် ပြေးပြီ .. "
အပြေးအလွန်လျင်မြန်သည့်jungkookနောက်ကို အမဲရောင်၀တ်စုံဆင်တူ၀တ်ထားတဲ့ လူတစ်စု သဲကြီးမဲကြီးလိုက်နေရှာသော ထိုလူတွေအား မတွေ့ရတော့ချေ ...
Jungkook လမ်းကြားထဲကနေ အားသွန်ခွန်
စိုက်ပြေးလာလေသည်...မီးပွင့်ကြောင့် ကားအစီးရေအများအပြားရပ်ထား၍ နီးစပ်ရာ ကားစီသွားလိုက်ကာ ကားတံခါးဆွဲဖွင့်ပြီး ၀င်ထိုင်လိုက်သည် ..ကားမှန်တွေက အမဲရောင်ဖြစ်နေတော့ အပြင်ဘက်မှ အတွင်းကိုမမြင်ရပေ ..
လုံခြုံသွားလေပြီ .."ဟေး .. ဘာလုပ်တာလဲ "
ခြေချိတ်ထိုင်ကာ jungkookကို အံ့သြတကြီး ပြူးကြည့်လာ၍ အလန့်တကြားပြောလိုက်သည် ...
သူ့ကိုဒီကောင်လေးက သိနေသလိုမျက်၀န်းလဲ့လဲ့
ဖြင့်ကြည့်လာပေမယ့် သူကတော့ လုံး၀မသိ မသိနိုးနားနဲ့ ဂွင်ဆင်မလို့ထင်ပါတယ် .."ခဏလေး ဟုတ်ပြီလား "
ကားမှန်ကိုကြည့်နေလေပြီး အမယ် သူ့ကားကြီးပုံစံ
ဖြင့် ပြန်ဖြေနေတဲ့ ဂျစ်ပစီလိုကောင် ..သူ့စကားပြောတာနားထဲကန့်လန့်တော့ဖြစ်မိလေ၏...
"ငါ့ကားပေါ်က ခုဆင်း ... "
"အကူအညီတောင်းနေတာ .. ရုပ်လေးကလှသလောက်စိတ်ထားကောင်းစမ်းပါ ဦးလေးကြီး .. "
စိတ်ထားယုတ်မာတယ်ပေါ့ သူ့ကို ပြောနေလိုက်တာများ ..
"ဘာ ဦးလေးကြီး .. မင်းတော့လား အဲ့တော့
ငါကဘာလုပ်ရမှာလဲ "Jungkook မျက်၀န်းတွေက ထယ်ယောင်းထံစူးစူးစိုက်စိုက်ကြည့်လာပါ၏ ..
မျက်စိရှေ့က ခပ်မိုက်မိုက်ဘဲကြီးက ချောလည်းချောသလို ခန့်ပြီးလှနေတာ ...အလှနတ်ဘုရားတစ်ပါးလိုမျိုး ..