Jungkook က ဒီနေ့Club ကို မလာတော့ဘူးလို့ ဖုန်းဆက်ပြောလာခြင်းကြောင့်နှင့် သူတို့အုပ်စု သူ့အိမ်မှာ သောက်ကြမယ်လို့တောင်ပြောလာသဖြင့် BamBamတို့ထူးဆန်းအံ့သြသွားလို့ပင် .. သူတို့က Clubကိုရောက်နှင့်နေပြီးသား .. သူနဲ့ဖုန်းပြောပြီးပြီးချင်း သူ့အိမ်ကိုချက်ချင်းပဲ သွားကြတော့၏..
Jungkook၏ အိမ်သို့ အရင်ကလည်း မကြာမကြာဆိုသလိုလာလည်ဖြစ်နေသည် ။ ခြံစောင့်ကောင်လေးကလည်း သူတို့ရောက်လျှင် ချက်ချင်းပဲ
ခြံတံခါးကို ဖွင့်ပေးလာသည်..." ငါ့ကောင်ကြီး ဒီနေ့ထူးဆန်းနေပါလားကွ .. ရာသီဥတုတွေပြောင်းလဲတော့မယ်ထင်တယ် "
ဧည့်ခန်းထဲမှာ သောက်စရာ ၊ အမြည်းများနှင့်အဆင်သင့်ပြင်ပြီးသားဖြစ်နေတဲ့ Jungkook ကို BamBammမှ အာဘောင်အာရင်းသံသံဖြင့်အရွှန်းဖောက်ပြောလာခဲ့လေတည်း ..
" အေး ဟုတ်တယ်ကွ ..မင်း ဘာတွေဖြစ်နေတာလဲ
Jungkook အရင်ဒီလိုအချိန်ဆို အိမ်မှာရှိတတ်လာလဲမဟုတ်ဘူး ... clubမှာ ကဲနေပြီလေ .. အိမ်လာခိုင်းတော့ တော်တော်လေးထူးဆန်းနေတယ် မင်း တစ်ခုခုများဖြစ်လို့လား .. "သူတို့နှစ်ယောက်သားထပ်ဆင့်ပြောလာခဲ့သည်
ကြောင့် Jungkook မှာပြန်ဖြေချိန် မရှိလိုက်တော့ပေ ။သူငယ်ချင်းတွေဆုံပြီဆို ဆူဆူညံညံ စည်စည်ကားကားနဲ့ပင်..
BamBamပြောလာသောစကားကို Eunwooကထောက်ခံလေဟန်ဖြင့် ၀င်ပြောပြီးနှစ်ယောက်သား ၀ီစကီကို တစ်ရှိုက်ထဲမော့သောက်လိုက်လေသည် ..
" စိတ်မပါသလို ဒီနေ့ အိမ်မှာအေးအေးဆေးဆေး
နေချင်လာလို့ .. "Mingyu ကတော့ သူ့မျက်နှာမှာလည်းထူးဆန်းသောအရိပ်အယောင်ဖြစ်နေသလို Jungkook အား ဘာဖြစ်နေလဲဆိုတာကို သိသိသာသာ အကဲခတ်နေ
ခဲ့သည် ..Jungkook၀ီစကီကို တစ်ငုံသောက်လိုက်ရင်းနဲ့ အေးအေးဆေးဖြစ်နေသည့်ပုံဖြင့်ပြောလာလျှင် ..
" ပြောပါ့မယ်ကွာ .. အေးဆေးပေါ့ ခုမှရောက်တာကိုဘာတွေလောလောနဲ့မေးနေရတာလဲ "
တစ်နေ့က ခပ်မိုက်မိုက်ဘဲကြီးနှင့်မတော်ဆအဖြစ်အပျက်တို့ကို အသေးစိတ်ကအစပြောပြလိုက်တော့လျှင် Eunwooနဲ့ BamBamက တဟားဟားနဲ့တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လျက်ဖြင့်အော်ရယ်နေကြတော့သည် .. Jungkookအပေါ် သူတို့ ထင်မြင်ချက်သည် ကွက်တိကျတူညီနေလေတကား။ Jungkook သည် မာနခဲဆီက အချေခံလိုက်ရလို့ ဆွေ့ဆွေ့ခုန်နေပါသည်ဆိုကာမှ သူတို့
ရယ်လိုက်လျှင်သော် မျက်လုံးတွေပြူးကျယ်လာ၍သာ ဒေါသပါခြင်းမရှိပြောလာရင်းဖြင့် ..