Taehyung ရေမိုးချိုးပြီးနောက် bathrobe၀တ်ကာရေချိုးခန်းထဲမှထွက်လာခဲ့သည် ... ထို့နောက်၌
အ၀တ်အစားအသုံးအဆောင်တွေကြည့်သာ
သီးသန့်ထားသော အခန်းထဲကို၀င်မို့ဆဲဆဲလေးမှာ
ဖုန်းမြည်သံကြောင့် ဦးတည်ရာပြောင်းလိုက်ရ
သည် ..screen ကိုကြည့်လိုက်တော့ ဖုန်းနံပါတ်အစိမ်းဖြစ်တာကြောင့် သူ ကိုင်သင့်မကိုင်သင့်ဆိုတာကို
စဥ်းစားတွေးဆနေပါ၏ .. Taehyung ဖုန်းကို
cancelလုပ်ပစ်လိုက်တာ 3ခါမြောက်မှာတင် တစ်ဖက်သည် ဖုန်းဆက်မခေါ်တော့ဘဲ သူ့ထံ
စာလှမ်းပို့လာသည်က .." ကျုပ်ဖုန်းခေါ်နေတာကိုင်လေ ..ကျုပ်နှုတ်ခမ်းကို အာမမခံဘူးနော် .. "
ရဲရဲတင်းတင်းနဲ့အမိန့်ပေးခြိမ်းခြောက်ပြောလာတဲ့ Jeon Jungkook ကို အံ့သြရသည့်ကြားထဲမှ စိတ်တိုဒေါလည်းထွက်ရပါသည် ..
သူ တစ်ခုခုဆိုအေးဆေးတည်ငြိမ်စွာဖြေရှင်းလိုက်ပေမယ့် ဒီဟာလေးကို သူ ဘယ်လိုလုပ်ရမည်မသိချေ .. တကယ်ပဲစိတ်အနှောက်အယှက်ဖြစ်စေ
သည် ။Jeon Jungkook ဆိုတဲ့ သူ့နာမည်ကို မှတ်ဥာဏ်ထဲမှာ သူ့အလိုလိုအတိုင်း မှတ်မိနေတာမျိုးမဟုတ်ရပါဘူး .. ဒီတိုင်းအမှတ်မထင် မှတ်မိသွားရတာပါ .. သူလိုလူမျိုးကို စိတ်ကူးထဲမထည့်သလို စိတ်လည်း မ၀င်စားပေ ။ ဂျစ်ပစီ ဂျစ်ကန်ကန်ကောင်လေးကို မျက်မုန်းကျိုးနေပါ၏ ..အများကြီးပိုင်ဆိုးပိုင်နင်းပြောသွားတာများ စိတ်တိုစရာအတိ ။ ပြီတီတီ
မထိတရီစကားများ တစ်နေ့မှာထပ်တူကျရမယ်ဆိုတာရော ကျုပ်ဟာလေး ကျုပ်ပိုင်ရမယ်ဆိုတဲ့စကားတွေဟာ သူသည် သက်မဲ့အရာမဟုတ်လင့်ကစား အပိုင်ကြီးပုံစံနဲ့ပြောတာတွေက ပိုပြီးကြည့်မရဖြစ်
သည့်အပြင်၀ယ် ဒေါသထွက်စေတတ်၏ ။Jungkook ဘယ်လိုလုပ်ပြီး ဖုန်းနံပါတ်အထိ
သိနေရပြန်တာလဲ .. ကျုပ်မလုပ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးပြော၍ ခဏခဏကြွေးကြော်နေတတ်တဲ့ Jungkook ကို တကယ်ယုံသွားပါတယ် ။ရှေ့လျှောက်လည်း စိတ်ရှုပ်စရာတွေလာလာပေးနေပြန်ဦးလိမ့်မှာ .. တစ်သက်လုံး သူများကိုပဲ
အမိန့်ပေးနေခဲ့တဲ့ဟာကို .. သူ့ကျမှ အမိန့်လာပေးတာခံရမှာလား .. သူ့ကိုမတူမတန်သလိုဆက်ဆံတာတောင် သူ့မယ်နာတတ်ပုံမပေါ်ဘူး .. ဘယ်လိုမျက်
နှာပြောင်တဲ့ သူပါလိမ့်နော် ။ ခုခေတ်တချို့သောလူငယ်တွေများ တကယ့်မလွယ်ကြော တဇွတ်ထိုး
ပဲ ..