Kim စံအိမ်ကြီးရှိmaidများသည်လည်း အချိန်တိုင်းလိုလိုတွင် ပြားပန်းခက်စွာ အိမ်တော်ရဲ့သခင်လေးအလိုတော်ကျဖြစ်စေဖို့ရာအတွက်ပါ.. မနက်ခင်းစာစားရန် စံအိမ်ကြီးရဲ့ သခင်လေးဖြစ်သူ Kim Taehyungသည် စားပွဲထိပ်မှာနေရာယူလိုက်သည် ..
ဤKimစံအိမ်ကြီးသည် သခင်လေးဆိုတဲ့ Kim Taehyung သာနေထိုင်လျက်ရှိသည် .. မိသားစု၀င်တွေရှိပေမယ့်လည်း အတူနေထိုင်ခြင်းမရှိပဲ သီးသန့်ခွဲနေလေသည် ...
ရေသောက်မို့ ဖန်ခွက်ထဲကိုဆွဲယူလ်ိုက်ပြီး မျက်ခုံးတွေတွန့်သွားကာ တော်တော်နှင့်မသောက်သေးဘဲ ဖန်ခွက်ကို စေ့စေ့စပ်စပ်နှင့်ကြည့်ပြီးနောက် တစ်ခုခုအားရှာဖွေသိရှိသွားသလို မျက်လုံးများသည် ဒေါသအဖြစ်တစ်ဖုံပြောင်းလဲသွားခဲ့သည် ...
" အိမ်တော်ထိန်းကြီး "
" ဟုတ်ကဲ့ ဘာများအလိုရှိလို့ပါလဲ သခင်လေး .. "
" ဖန်ခွက်ထဲမှ လက်သည်းနီအခွံကျွတ်ကျန်နေခဲ့တယ် .. မနက်စာဘယ်သူကိုပြင်ခိုင်းတာလဲ အိမ်တော်ထိန်းကြီး "
တိတ်ဆိတ်နေသည့်ထမင်းစားခန်းထဲ၌ အေးစက်မာကျောသည့်အသံကြောင့် အားလုံး ကြောက်လန့်စရာဖြစ်ခဲ့သည် ..
ဒီအတွက်နဲ့ စောစောစီးစီးဒေါသဖြစ်
ရပြန်တယ် .. ညစ်ပတ်နေတာမျိုးကိုမကြိုက်တာ ။
သူ ဘယ်လိုစည်းကမ်းသတ်မှတ်ထားသလဲဆိုတာ
သိနေတဲ့ဟာကို တမင်လုပ်သလားတောင်ထင်ရသည် .." ဟို .. ဟို"
တဟိုဟိုနှင့် သူ့ပုံစံကပြောရန် မ၀ံ့မရဲဖြစ်နေဟန်
ရကာ တရားခံသည် မည်သူဖြစ်သနည်းဆိုတာ တိကျတဲ့အဖြေထွက်မလာတဲ့ အိမ်တော်ထိန်းကြောင့်
Taehyungသည် ပိုလို့ မျက်မှောင်ကြုတ်သွား
လျက် .." အိမ်တော်ထိန်းကြီးက အားလုံးစီစဥ်ပေးနေတာ
ကို နာမည်ပြောဖို့ ဘာလို့ပြောရခက်နေရတာလဲ "" သခင်လေး အစားအသောက်ချပေးတာက
မီအယ်လုပ်တဲ့အလုပ်ပါ .. "မီအယ်သည် စံအိမ်ကြီးမှာအလုပ်လုပ်တာ နှစ်နှစ်နီးနီးရှိပြီဖြစ်လို့ အလုပ်ထုတ်ခံရမှာစိုးတာကြောင့်
ပြောဖို့တန့်နေတာပဲဖြစ်မှာ ..