Part.2

535 122 13
                                    

ဦးလေးကကျွန်တော်တို့အုပ်စုကို ရဲစခန်းမှလာထုတ်ပေးခဲ့သည် ..အိမ်ရောက်တော့ ထုံးစံအတ်ိုင်း
ပွားပါတော့၏ .. အဖိုးနဲ့အဖွားကလည်း ကျွန်တော်အိမ်ပြန်အလာကိုစောင့်နေပုံရပြီး ဧည့်ခန်းထဲမှာ ထိုင်နေလျက်တွေ့ရသည် ..

ဦးလေးဖြစ်သူက ဒေါသတကြီးဖြင့် ..

" Jungkook မင်းတော်တော်လွန်နေပြီ .. လူဆိုးလူမိုက်လုပ်နေလို့ ဒါမျိုးဖြစ်နေတာ အကြိမ်များမနည်းတော့ဘူးနော် .. ကိုယ့်ကိုလည်းပြန်စဥ်းစားစမ်းပါဦး .. ကိုယ်ကောင်းသလား ဆိုးသလားဆိုတာကို .. ငါ့ဘ၀တစ်လျှောက်စခန်းမရောက်ဖူးခဲ့ဘူး
မင်းနဲ့ကျမှ ခဏခဏရောက်နေရတာ မင်းမရှက်ပေ
မယ့် ငါကတော့အတော်လေးကိုရှက်နေပြီ .. "

အဖိုးနဲ့အဖွားကတော့ ဘာမှတော့၀င်မပြောဘဲ သားဖြစ်သူ ဂျွန်ဂျယ်ဆွန်း ပြောကိုပဲ သက်ပြင်းတချချ
နှင့် အသာနားထောင်နေပါလေ၏ ...

" မရောက်ဖူးတဲ့နေရာရောက်ဖူးတာ ဦးလေးအတွက်ဗဟုသုတရသွားတာပဲကို .. ဦးလေးလည်းအမှု့အခင်းမဖြစ်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ ..ရောက်ဖူးနေတော့ သိပ်မကြောင်တော့ဘူးလေ  "

ဦးလေးအားရွှဲ့ကာ Jungkook ကျစ်ကန်ကန်ဖြင့်ပြန်ဖြေလိုက်၏ ... သူဘယ်လောက်ဆိုဆုံးမပါစေ Jungkook သည် မနာခံသည့်အပြင် ကလန်ကဆန်ပြုလုပ်စမြဲ ..

အဖိုးနှင့်အဖွား မိဘတောင် ဦးလေးလောက် ဆူတာမျိုးမရှိသလို အလိုလိုက်ထားတာ ၊ ကိုယ့်ဦးလေးမို့တာ ဒီလောက်နားထောင်ပေးနေတာ ၊ ဘာပြောပြောလေကိုယ်လုပ်ချင်တာလုပ်မှာပဲ ။ လွတ်လွတ်လပ်လပ်နေရာတာကို အလွန်မက်စက်ခုံမင်လွန်းတဲ့အတွက်ကြောင့်သူ့အား တားမြစ်ဆုံးမတာတွေ
မကြိုက်ချေ ..

ဂျွန်ဂျယ်ဆွန်းနဲ့သူနဲ့က အသက် 13နှစ်ကွာလှသည် ဂျယ်ဆွန်း အသက်သည် 33နှစ်ရှိပြီဖြစ်၏ ..
ဂျယ်ဆွန်းက jungkookအား လိမ္မာပြီး သူ့လိုပင်ထက်ထက်မြတ်မြတ်ဖြစ်ချင်စေပါသည် .. သို့သော် Jungkookသည်ပေပေတေတေ ဂျစ်ပေါက်ပေါက်နေတဲ့သူဖြစ်၍ ဘယ်လိုမှလမ်းကြောင်းမှန်ပြသပေးလို့မရတော့ ။ သဇွတ်ထိုးလည်းဆန်သလို သူဖြစ်ချင်ရာကိုရအောင် လုပ်တတ်သလို မူလဗီဇာကလည်း ပိုင်ဆိုင်လိုစိတ်ပြင်းပြသူတစ်ဦးပေါ့ ။ သူဖြစ်ချင်သမျှအရာတိုင်းတောင်းတလိုက်တိုင်းမှာ
ပိုင်ဆိုင်ရတတ်တော့ ဘယ်အရာကိုမဆိုထားဘိ လွယ်လွယ်နှင့်ရလိမ့်မည်သာဖြစ်သည်ဟုထင်နေတာပါ ..

Lips Like HoneyWhere stories live. Discover now