ဤသို့ဖြင့် ဂျစ်တူးတူးသကောင့်သားလေးဟာ ကုမ္ပဏီထိလိုက်လာတော့၏ .. ဘယ်နားဆင်းခိုင်းခိုင်းဆင်းမည်ပုံမပေါ်တာကြောင့် အောင့်အီးသည်းခံလာရသည် ..
ကုမ္ပဏီရှေ့မှာကားထိုးရပ်လိုက်လျှင် ၀န်ထမ်းတစ်ယောက်က ကားတံခါးအသင့်ဖွင့်ပေးထားပေးပြီး Taehyung ကားပေါ်ကနေဆင်းတော့မည်လုပ်နေစဥ်မှာ ခုချိန်ထိ ဆင်းဖို့အစီအစဥ်ရှိဟန်မတူ
သည့်Jungkook ဘက်ကို ငဲ့ကြည့်၍သာ .." ဘာလဲ မဆင်းတော့ဘူးလား .. ဒီအထိလိုက်တာတာတော်ရောပေါ့.. ဆင်းတော့ "
စကားပြောတာကိုကအစ ရင့်သီးသီးဖြစ်နေသည့် ဒီဘဲကြီးကို ဒါမျိုးမပြောရဘူးဆိုတာ နမ်းပြီးဆုံးမလိုက်ရမလား ..သူ အဲ့လိုပြောလေ မဆင်းချင်လေဘဲ .. ကျုပ်လိုလူနဲ့ဆုံရတာ ခင်ဗျားအတွက် ကံကောင်းမှာတော့မဟုတ်ဘူးလို့ပဲမှတ်ပေတော့ ..
" Jeon Jungkook မှတ်ထားပေါ့ .. "
သူ့မျက်၀န်းအစုံတို့ဟာ စူးစူးရဲရဲနှင့်အကြည့်တွေက အရမ်းရဲတင်းလွန်းစွာ ..
Taehyung စိတ်၀င်စားပုံမပုံသလို သူ့ကို
အေးအေးငြိမ်ငြိမ်လေးနဲ့သာ ဆက်ကြည့်နေလျက်ရှိသည် ..Jungkook မချိုမချဥ်အပြုံးပြုံးလိုက်ရင်း..
" ဆင်းမှာပါ ကျေးဇူးဘယ်လိုဆပ်ရမလဲပြောဦး
လေ .. ဘာပဲဖြစ်ဖြစ်ကျုပ်ပြန်ဆပ်နိုင်ပါတယ် ..
ကျုပ်ကိုဆို တခြားသူတွေ ကားပေါ်လှိုက်လှိုက်လှဲလှဲတင်ချင်ကြမှာ ..ခင်ဗျားလိုကြီးကြီးကျယ်ကျယ်လူမျိုး ကျုပ်ပထမဦးဆုံးတွေ့ဖူးတာ .. "" မင်းကိုကူညီချင်လို့ကူညီခဲ့တာမဟုတ်ဘူး .. ငါ့ကားကိုကုတ်ကပ်စီးပြီး ဘယ်လိုပြောပြောမဆင်းလို့
ခေါ်လာရတဲ့သဘောသက်သက်ပဲ .. ပြီးတော့ကျေးဇူးတင်စရာမလိုသလို ဆပ်စရာလည်းမလိုဘူး ခုပြောနေတုန်းဆင်းရင်ဆင်းသွားလိုက် မဟုတ်ရင် လုံခြုံရေးတွေရှိနေတာ ကားပေါ်ကဆွဲချမယ် "" ဟာ ... ခင်ဗျားအကြင်နာတရားခေါင်းပါးလှချည်လား ..ဒုက္ခရောက်နေတဲ့သူကို မထောက်မညှာပြောနေလိုက်တာများ .. "
"ဒီအထိဘာအတွက်နဲ့ လိုက်လာသလဲဆိုတာတော့
မသိပေမယ့် မင်းပုံစံကြည့်ရတာ ဒါမျိုးတွေကြောက်တတ်မယ့်ပုံမပေါ်ပါဘူး "