ကျွန်တော် လက်၀တ်ရတနာဆိုင်မှာ ရောက်နေတာဖြစ်၏ .. ဒီနေ့ကမာမီရဲ့မွေးနေ့ဖြစ်တာမို့
လက်ဆောင်လာ၀ယ်ခြင်းပါ .. တစ်နှစ်တစ်မျိုးမ
ထပ်ရလေအောင် ပစ္စည်းများကို သေချာရွေးချယ်၀ယ်ပေးသည် .." စိတ်မချလို့လိုက်လာတာ .. "
စိန်ထည်လက်၀တ်ရတနာများကို စိတ်၀င်တစား
ကြည့်နေသော Taehyung နားသို့အသံနှင့်အတူရောက်ချလာသူသည် အသံကြားရယုံနဲ့ ဘယ်သူလဲဆိုတာလှည့်ကြည့်စရာပင်မလိုလောက်အောင် ..ဆိုင်အပြင်မှာပဲ နေခဲ့လိမ့်မယ်လို့ထင်ထားတာ ..
စိတ်မချလို့ပြောရအောင်လည်း ဆိုင်အပြင်မှာ သူနေခဲ့တာ ၅မိနစ်တောင်မပြည့်သေးဘူးနော် .. ကျွန်တော့်ကိုမှ စိတ်အနှောက်အယှက်မပေးရရင် အိပ်မပျော်စားမ၀င်ဖြစ်နေရှာတာများလား ..ကျွန်တော်ကုမ္ပဏီမှထွက်လာကတည်းက ကိုယ်တော်ချောလေးလိုက်လာတာ ပြောရင်လည်း ကိုယ်ပဲအာပေါက် လေကုန်ရုံအပြင်မရှိပေ.. ကျောင်းရောတက်ရဲ့လားပင်မသိ .. စာကိုသာဇွဲရှိရှိနဲ့ကြိုးစားရင်ဖြင့် ဟိုဘက်ကမ်းတောင်လွန်ဦးမယ် .. တက္ကသိုလ်ကျောင်းသားဖြစ်လည်းပေါ့လျော့မနေသင့် ကြိုးစားရမှာပေါ့ ..
Jungkook ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ လူမိုက်မျက်၀န်းများဖြင့် ဘယ်သူကများ ငမ်းနေမလဲဆိုတာကို သူ့မယ်မလွှတ်စေရ... သူရည်ရွယ်သူလေးအား အထာပေးရှိုးတဲ့ သူများရှိလျှင်ကတော့
မီးပွင့်ပြီသာမှတ်လိုက်ပေတော့ ..ဆိုင်က၀န်ထမ်းကောင်မလေးများဟာ ပြုံးစိစိလုပ်၍ အားကျဖွယ်ရာ မျက်လုံးများဖြင့်ကြည့်နေလျက်
ရှိနေသည် ..တခြားသူများကမသိရင် သူ့ရည်းစားလိုလို ညွှန်းဆိုလိုက်ခြင်းပင် ...ကျွန်တော့်ရှေ့ပေါ်မလာအောင်
သူ့ကိုဘယ်လိုလုပ်ရမလဲ ...သူရဲ့မထ်ိတထိစကားနားထောင်လိုက်ရင် လူကဒေါသထွက်လို့အသက်တိုမှာပဲ ... သူဟာအရမ်းလည်းလည်တယ် ...သူ မလိုက်လာအောင် ကားလမ်းကြောင်း ဘယ်လိုပဲလွှဲမောင်းမောင်းနော် သူသိပ်နပ်တာ ..Taehyung အရေးပင်မစိုက်လင့်ကစား ရွေးချယ်
ရခက်လှသည့် တန်ဖိုးကြီးစိန်နားကပ်များကိုကြည့်နေဆဲသာဖြစ်၏ ..