"ခများနဲ့ဆက်မတွဲနိုင်တော့ဘူး ကျနော်တို့လမ်းခွဲကြမယ် "
သူတို့နှစ်ယောက်ကြားမှာလေထုကအေးစက်နေသလို အစောကမှဖျော်ထားသောကော်ဖီနှစ်ခွက်မှာလဲအေးစက်နေသယောင် အချိန်အတော်အတန်ကြာ တယောက်နဲ့တယောက်ကြည့်နေမိကြသည်
"မောင့်ဘက်က သေချာပြီလား.."
"သေချာပြီခများနဲ့တွဲရတာစိတ်မပါတော့ဘူး.."
"ကောင်းပါပြီ မောင့်သဘောပါ.."
မောင့်သဘောလို့ပြောကာသူ့ရှေ့မှထထွက်သွားသောသူအားကြည့်ကာ ထယ်ယောင်းစိတ်တိုမိသည် အမြဲတမ်းအေးစက်စက်နေတတ်တဲ့သူ တခါတရံသူတွေးမိသည် သူဘက်ကပဲတဖက်သတ်တွဲခဲ့လေသလားလို့လေ ခုလဲကြည့် လမ်းခွဲဖို့ပြောတာတောင်ဘာမှမခံစားရသလိုထထွက်သွားသေးတာ ဒီလူက အနည်းဆုံးတော့တုန်လှုပ်သွားမယ်ထင်တာ သောက်ကျိုးနည်းခုတော့ သူသာလျှင်အေးဆေးစွာလမ်းခွဲခြင်းခံလိုက်ရပြီမလား..
ကိုကို့ကိုစိတ်ကုန်နေပါပြီလို့ပြောတဲ့မောင့်ကိုသူကဘယ်စိတ်နဲ့ဆွဲထားရမှာလဲ မောင့်ကိုသူချစ်တယ်သူ့အချစ်တွေမှာအတ္တတွေမှမပါခဲ့ဘဲ မောင်လမ်းခွဲမယ်ပြောတော့သူကြည်ကြည်ဖြူဖြူပဲလမ်းခွဲပေးခဲ့သည် မောင်မပျော်တဲ့ရပ်ဝန်းမှာသူမနေစေလိုခြင်းဖြစ်သည် အဓိက မောင်ပျော်နေရင်ရပြီလေ မောင့်ရှေ့မှထွက်လာပြီးသူပြုံးခဲ့သည် ထိုနေ့ကဂျောင်ကုနဲ့မောင် ကြည်ဖြူစွာလမ်းခွဲခဲ့သည်။
.....
ရေစိုနေသောဆံသားတို့အားသူခြောက်ရန် တပည့်တထည်ဖြင့်သုတ်နေမိသည်။သူ့ခန္တာကိုယ်ပေါ်တွင်တွဲခိုနေတဲ့ရေစက်တွေက သူ့ဝမ်းဗိုက်ရှိကြွက်သားအမြောင်းတို့ဖြင့်ပနံသင့်စွာလိုက်ဖက်လျက် စိတ်အလိုမကျမှု့ကြောင့်တွန့်ချိုးထားတဲ့မျက်ခုံးတန်းတွေ ဆွဲဆောင်မှု့ရှိတဲ့မျက်နှာအချိုးအစားနဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့သူကSeoul တက္ကသိုလ်ရဲ့King တပါးအဖြစ်ရွေးချယ်ခံရတာလဲမမှားပေ ထိုသူကသိပ်ကိုပြည့်စုံလွန်းတာလေ အပြစ်ဟုဆိုစရာမရှိအောင်ချောမောလွန်းသည်။
"မောင် ဘာတွေစိတ်မကြည်ပြန်ပြီလဲ ခေါင်းကိုသေချာမသုတ်ဖူးကွာ.."
YOU ARE READING
Right Now ( Short Story)
Short Storyမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~