"အွန်း ကိုကို့ ကိုယ်သင်းနံ့လေးကမွှေးနေတာပဲကွာ .."
"အရူပ်ထုတ်လေး ဖယ်အုံးကွာ ကိုကို မနက်စာလုပ်နေတယ်.."
မနက်စာအတွက်ပြင်ဆင်ပေးနေသောဂျောင်ကုခါးသွယ်လေးအား ဖက်ရင်းဖြင့် သူ့ဂုတ်သားဖွေးဖွေးလေးတို့က တရှုံ့ရှုံ့နမ်းနေသော မောင်ဟာ တကယ့်အဆိုးလေး..
"ဟင့်အင်း ဖယ်ချင်ဘူး ကိုကို မောင်လေကိုကိုနဲ့မခွဲချင်ဘူးကွာ.."
မောင့်စကားကြောင့်ဂျောင်ကုသက်ပျင်းရဲ့ရဲ့လေးချမိသည် စားမေးပွဲဖြေဖို့လဲနီးကပ်လာသလို ဂျောင်ကု တိုကျိုကို သွားဖို့ရက်ကလဲ တဖြည်းဖြည်းနဲ့နီးကပ်လာပြီဖြစ်သည် ထိုကိစ္စ အတွက် ဂျောင်ကုကိုယ်တိုင် အိပ်မပျော်ဖြစ်နေရမြဲ ညတိုင်း မောင့်ရင်ခွင်လေးထဲ သူနားခိုရင်း မောင့်ရဲ့ ကိုယ်သင်းနံ့လေးနဲ့ မျက်နှာအစိတ်အပိုင်းလေးတို့အား သူ့နှလုံးသားနှင့် ဦးနှောက်ထဲမှာပါ ပုံရိပ်စွဲထင်ရန် သူငေးကြည့်ဖြစ်သည် ပြီးတော့ အိပ်မောကျနေစည့် မောင့် နဖူးပြင်ကျယ်လေးကိုလဲ ဂျောင်ကုက မပျက်မကွက် အနမ်းပေးသေးတာ မောင်နဲ့ခွဲရတဲ့အခါ ထိုအမှတ်တရတို့ဖြင့်သူရင်ထဲသိမ်းကာ မောင့်အားလွမ်းဆွတ်မည်။
"မောင်ရယ် အဲ့ဒါထားပါအုံး ကျောင်းသွားဖို့မပြင်ဆင်သေးဘူးလား ..."
"သွားဖို့လုပ်တော့မှာပါ ကိုကိုရော .."
"ကိုကိုက အကုန်ပြင်ဆင်ပြီးပြီ မောင်နဲ့မနက်စာစားပြီးသွားရုံပဲ .."
"ဟုတ်ကဲ့ ကောင်းပါပြီခမျ မွ.."
ဂျောင်ကုပါးလေးအား နမ်းကာထွက်သွားသောမောင်ပါ အနမ်းခံရသောပါးလေးအားကိုင်ကာပြုံးနေမိသည်မျက်နှာလေးမှာလဲ ပန်းနုရောင်သန်းလို့ပေါ့
"ကိုကို့ လက်ရာကအကောင်းဆုံးပဲ သိလား.."
"ဟုတ်ပါပြီကွာ မောင်က အချွဲပိုနေတာပဲ.."
ဂျောင်ကုလုပ်ပေးသောမနက်စားအားစားကာ သူ့လက်ရာသာအကောင်းဆုံးပဲပြောလာသောမောင်က ကလေးးလိုပင်
"တကယ် မောင့်မေမေတို့နဲ့ခွဲနေရတာကြာပြီ အရင်ကမေမေပြင်ပေးနေကြမနက်စာကိုအကောင်းဆုံးပဲထင်ခဲ့တာခုတော့ မောင့်အသဲသက်လေးလက်ရာကအကောင်းဆုံးဖြစ်နေရောကွာ.."
YOU ARE READING
Right Now ( Short Story)
Short Storyမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~