"ဂျွန်ဂျောင်ကု မနက်စာ မစားဘူးလား .."
"ဟင့်အင်း ကိုကို ဗိုက်မဆာလို့..."
"ညကရောဘာမှမစားဘူးမလား ..စာမေးပွဲကနီးနေပြီ ခများဘာဖြစ်ချင်နေတာလဲဟမ် နေမကောင်းဖြစ်ပြီးလဲသွားချင်တာလား လာခဲ့မနက်စာစားရမယ်.."
"ကိုကိုမစားချင်ဘူး ကျောင်းသွားတော့မယ် ..."
မနက်စာမစားပဲကျောင်းသွားဖို့ ထွက်လာသောလူအား ထယ်ယောင်းပြောတော့ မျက်နှာဆူပုပ်ပုပ်လေးဖြင့် မစားချင်ကြောင်း ငြင်းသည် ညကလဲဘာမှမစားထားတာ တော်ကြာ အစာအိမ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ဒီကောင်ပဲရင်ကျိုးရမှာ ...
"ခများမစားချင်လဲစားရမယ် မဟုတ်ရင်တော့ ဒီမှာကျနော် လက်ခံမှာမဟုတ်ဖူး .."
"အင်းပါ ကိုကိုစားပါ့မယ် .."
ထယ်ယောင်းစကားကြောင့် ဂျောင်ကုခပ်ကုပ်ကုပ်လေးထိုင်လို့မနက်စာစားသည်။
"ပေါင်မုန့်ပဲရှိလို့ မနက်စာ ပေါင်မုန့်မီးကင်နဲ့ နွားနို့ပဲလုပ်ထားတယ် .."
"....."
" ခများစာမေးပွဲပြီးသည်ထိပဲ ဒီမှာကျနော်နဲ့နေဖို့လက်ခံမှာနော် ဂျွန်ဂျောင်ကု ."
"......"
မောင့်စကားတွေကိုသူကြားနေရပေမဲ့ ဘာမှပြန်မပြောမိ မောင်ပြင်ဆင်ထားတဲ့မနက်စာကိုသာခေါင်းလေးငုံ့လို့စားနေမိသည် မောင့်စကားတွေက တခြားသူတယောက်အတွက်ဘာမှမဟုတ်သလိုဖြစ်ပေမယ့် သူ့အတွက်တော့ ဒီစကားတွေက သိပ်ကိုဝမ်းနည်းဖို့ကောင်းနေခဲ့သည် အကြောင်းအရင်းက မောင်နဲ့ ဂျောင်ကုက တကယ်ပဲဝေးရတော့မှာလား ဆိုတဲ့အတွေးဝင်လာလို့ဖြစ်သည်။
"ကျနော်ပြောနေတာပြန်မဖြေတာ ဘာလဲ ခများမှာ နားမပါတာလား ဟမ် .."
"ဟို မဟုတ်ပါဘူး.."
"အောက်ကိုကြည့်ပြီးပြောနေရအောင် အောက်မှာဘာရှိလို့လဲ ကျနော်ကခများရှေ့မှာနော် .."
ထယ်ယောင်း မျက်နှာကိုမကြည့်ပဲ အောက်ကိုငုံ့ထားသော လူကြောင့် စိတ်မရှည်တဲ့ထယ်ယောင်းဟာ အကြောင်းအရင်းမရှိပဲဒေါသထွက်ကာ အော်လိုက်တော့ အရှေ့ကကိုယ်ငယ်လေးတုန်သွားတာကို သူသတိထားမိလိုက်သည် ...
YOU ARE READING
Right Now ( Short Story)
Short Storyမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~