"အကို ဂျောင်ကု အကိုဂျောင်ကု ~~~"
"ဟင် ယွန်းချန်းအလန့်တကြားနဲ့ .."
"ဟုတ်ပ မသိရင် သူ့ဂျီတော်ကြီး ယောကျာ်းယူသွားလို့လားမသိ.."
ဂျောင်ကု နဲ့ ဟိုဆော့တို့ ကျောင်းကန်တင်းမှာထိုင်နေတုန်း ယွန်းချန်းက ဂျောင်ကုအား အမောတကောခေါ်ကာ ပြေးလာသောကြောင့်ဖြစ်သည် သူ့တို့နားရောက်သည်ထိ ဘာစကားမှာ မပြောနိုင်ကာ အသက်လုရူနေရတုန်း ဒီကလေး ဘာတွေစပ်စုပြီး ပြောချင်လာသည်မသိ ။
"ရော့ ရေသောက်လိုက်အုံး ..."
ဟိုဆော့က မျက်စောင်းလေးထိုးကာ ပေးလိုက်တော့ ယွန်းချန်းရုပ်က စပ်ဖြီးဖြီး အမြင်ကပ်စရာ...
"အကိုဟိုဆော့ ကျေးဇူး.."
"မလိုဘူး ဘာဖြစ်လာတာလဲ .."
"အော် အကိုဂျောင်ကု အကိုဂျောင်ကု .."
"မင်းပထွေးအနားမှာရှိတယ် စွတ်ခေါ်မနေနဲ့ တကယ် လိုရင်းမရောက်ဖူး .."
"ဟာ ဟိုဆော့မင်းကလဲ ကလေးကို ဘာဖြစ်လာတာလဲ ယွန်းချန်း အကို့ကိုပြော.."
"ဟို အကိုထယ်ယောင်း .."
"အင်း မောင်က ဘာဖြစ်လို့လဲ .."
"ဟိုလေ .."
ယွန်းချန်း ပြောသင့်မပြောသင့် စဥ်းစားနေမိသည် အကို့ဂျောင်ကု မျက်နှာလေးမှာလေး ဇီးရွက်လောက်သာ ရှိတော့သည် ။
"ပြောပါ မောင်ဘာဖြစ်လို့လဲ ယွန်းချန်းရဲ့ .."
"မေဘေးလေး မြန်မြန်ပြောလေ မင်းစကားကြောင့် ဒီမှာ သစ်ကုလားအုပ်ဖြစ်တော့မယ် .."
"ဟို အကိုထယ်ယောင်းက ကောင်မလေးတယောက်နဲ့ တွဲနေပြီတဲ့ အဲ့ဒါ တကျောင်းလုံးပျံ့နေပြီ ..အကိုဂျောင်ကုမသိဘူးလား .."
"အာ အဲ့ဒါလား ဟို မောင့် သူငယ်ချင်းပါ အကိုသိပြီးသား.."
ဂျောင်ကုက ပြုံးလို့ပြောသည် သို့သော် သူ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးတချို့ ကပ်ပါလာခဲ့သည် သူကမောင့်ကိုချစ်ရသူပဲမလား မဟုတ်ဖူးဆိုစေကာမူ သူ့ရင်ဘက်ထဲအနည်းငယ်တော့နာကျင်ရသည်။
YOU ARE READING
Right Now ( Short Story)
Kurzgeschichtenမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~