"မောင် ကိုကိုပြောစရာရှိလို့ ~~"
"ခများနဲ့ကျနော်ကြားပြောစရာဘာစကားမှမရှိတော့ဘူး ထင်တယ် ဂျွန်ဂျောင်ကု ~~"
မောင့်နှုတ်ခမ်းမှပြတ်သားစွာထွက်လာသောစကားလုံးတလုံးချင်းစီဟာ ဂျောင်ကုရင်ကိုနာစေသည် ခုကျတော့မောင်က ပြတ်သားလိုက်တာသူတို့နှစ်ဦး မချစ်ခဲ့ကြသလို~~ဟိုတနေ့က မောင့် စကားတွေကြောင့် ဂျောင်ကု တညလုံးအိပ်လို့မပျော်ပေ ဝမ်းနည်းလွန်းလို့ ငိုရတာကြောင့်ရောဖြစ်မည် ဂျောင်ကုနဲ့မောင်က ချစ်သူတွေဖြစ်သည် ဒါကြောင့် ခုလိုတော့ သူ့ဘက်က မောင့်ကိုလမ်းခွဲမပေးနိုင် အနည်းဆုံးသူတို့နှစ်ဦး အဆင်ပြေမယ့်နည်းလမ်းကို ညှိနှိုင်းရမည် ဂျောင်ကုမှမောင်နဲ့မဝေးချင်ပဲ ဒါကြောင့် မောင့်အတန်းရှေ့ ဂျောင်ကုခပ်ကုပ်ကုပ်လေးရပ်နေမိသည် မောင်အခန်းမှထွက်လာတော့ သူ့အားမမြင်ဟန်ဆောင်ကာ ထွက်သွားသည့် မောင့် နောက်ဂျောင်ကု အပြေးလေးလိုက်လို့ သူစကားစလိုက်ပေမယ့် မောင် ပြောလိုက်တဲ့စကားကြောင့် သူ့မျက်ရည်လေးဝဲလာသည် ဂျောင်ကုက မောင်နဲ့ပတ်သက်ရင် ပျော့ညံ့သည့်ယောကျာ်းတယောက်~~
"မောင်ရယ် ဟိုလေမနေ့ကကိစ္စကြောင့် စိတ်ဆိုးလို့ ကိုကို့ကို ခုလိုပြောနေတာလားဟင် အဲ့လိုဆိုလဲ ဒီကကိုကိုကပဲ မင်းကိုတောင်းပန်တယ်နော် ကိုကို့အပေါ် စိတ်ဆိုးပြေပါတော့ကွာ~~"
ကျလုဆဲဆဲမျက်ရည်ကြည်တို့အား မျက်တောင်စိပ်စိပ်လေးတို့ဖြင့် ပုတ်ခတ်လိုက်ရင်း ဂျောင်ကုက ပြုံးလျက်လေးဖြင့် မောင့်အားပြောလိုက်သည် မနေ့ကလဲ ဂျောင်ကုအမှားပဲမလား ဒါကြောင့်မောင်စိတ်ကျေနပ်အောင်ထိသူချော့မည်။
"မနေ့ကခများကို ကျနော်ဘာပြောခဲ့လဲပြန်စဉ်းစားကြည့်လေ~~"
"ဟင့်အင်း အဲ့ဒါမောင် စိတ်ဆိုးလို့ပြောတာ ကိုကိုသိတယ်~~"
မောင်ကသူ့ကိုသိပ်ချစ်တာ ဒါကြောင့် ဂျောင်ကုက ဘာလို့ယုံရမှာလဲ မယုံဘူး မောင်ကသူ့ကိုသိပ်ချစ်တာ~~
"ဟက်~~ယုံကြည်မှု့လွန်ကဲနေတာပဲဂျွန်ဂျောင်ကု အေးပေါ့လေ ခများမှာကဦးနှောက်သေးသေးလေးပဲပါတာ အဲ့တော့ ကျနော်ပြောမယ်ထပ်နားထောင်.."
YOU ARE READING
Right Now ( Short Story)
Short Storyမနက်ဖြန်ဆိုတာရှိနေသရွေ့ အသက်မရှုမရပ်သည့်တိုင် မောင်နဲ့ကိုကို့ရဲ့ အချစ်တွေတည်မြဲနေမယ်မလား မောင်~~ စတင်ခြင်းကလဲခများနဲ့မို့အဆုံးသတ်မှာလဲ ခများသာကျနော့်ဘေးရှိရင် အကုန်ပြည့်စုံပါပြီ ကိုကို~~