Right Now

83 7 17
                                    

"မင်းကကင်မ်ထယ်ယောင်းလား ~~~"

"ဟုတ်ပါတယ် အန်တီ ~~"

"အင်း အန်တီသားက ခုမင်းနဲ့ပဲနေမယ်ပြောနေတယ် ပြီးတော့ မင်းသိပြီးဖြစ်မှာပါ အန်တီ ဂျောင်ကုကို တိုကျိုမှာပညာဆက်သင်ဖို့ဆိုတာ.."

"ကိုကို ကျနော်ကို အကုန်ပြောပြီးပါပြီ အန်တီ .."

" မင်းဘက်က သိပြီးသားဆိုရင်ဘာလို့ သူ့အနာဂတ်ကိုဖျက်ဆီးချင်နေတာလဲ "

"ဗျာ အန်တီပြောတာကျနော်နားမလည်ဘူး.."

ဒီနေ့ကိုကို့မေမေနဲ့ ထယ်ယောင်းစကားပြောဖို့လိုတာမို့ cafe ဆိုင်တခုမှာချိန်းလိုက်ခြင်း ကိုကို့မေမေ ကိုကြည့်ရတာ ထယ်ယောင်းကိုသိပ်သဘောကျတဲ့ပုံတော့မပေါ် ဒါအရေးမဟုတ်ဖူး ကိုကိုကထယ်ယောင်းကိုချစ်နေရင်ရပြီပဲ  ကိုကိုက တော့သိပ်နေမကောင်းလို့ သု့condo မှာပဲကျန်ခဲ့သည် ကျောင်းသွားမယ်ဆိုပြီး ကိုကိုကိုပြောခဲ့ခြင်းဖြစ်သည်။

"နားမလည်တာလား တမင်မသိချင်ယောင်ဆောင်နေတာလား တော်ရုံဂျောင်ကုကမိဘစကားဆိုသိပ်ငြင်းတဲ့ကလေးမဟုတ်ဖူး ခုမင်းကြောင့် မိဘစကားတောင်နားမထောင်တော့တာ အိမ်ကမသိအောင် မင်းနဲ့အတူနေခဲ့တယ် ပြီးတော့ ခုလဲငါတို့ကိုလျစ်လျူရှု့ပြီးမင်းကိုရွေးချယ်တာလေ အဲ့တော့ ငါ့သားကိုမင်းကဘယ်လိုဖျားယောင်းသွေးဆောင်ထားလဲ မှမသိတာ ဟင်း..."

ထယ်ယောင်းကို ခနဲ့တဲ့တဲ့စကားများပြောနေသောကိုကို့မေမေနေရာအား တခြားသူသာဆိုလျှင် ထယ်ယောင်းဒေါသအလျောက်ပေါက်ကွဲပစ်မှာဖြစ်သည်။

"အော် အဲ့ဒါလားကိုကိုက အန်တီတို့ထက် ကျနော့်ကိုပိုချစ်လို့နေမှာပေါ့ .."

ကင်မ်ထယ်ယောင်းလေ တခြားသူမှမဟုတ်ပဲ ဒီအတိုင်းငြိမ်မခံချင်~~

"ဘာ!မင်းး.."

"ဒေါသတွေအရမ်းမထွက်ပါနဲ့ အန်တီ ကျနော်အန်တီနဲ့ခုလိုချိန်းရတာလဲ ခုအန်တီပြောနေတဲ့ကိစ္စအတွက်ပဲ .."

"...."

"ကိုကို့အနာဂတ်ကိုကျနော်မဖျက်ဆီးပါဘူး အန်တီတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ် တခုပဲအန်တီ့ကိုကျနော်ကြိုမှာထားချင်တာကိုကို့ကို အတင်းအကျပ်ဖိအားမပေးပါနဲ့ အော်ငေါက်တာမျိုးလဲမလုပ်ပါနဲ့ ကိုကိုစိတ်ညစ်နေတာမျိုးကျနော်မမြင်ချင်ဘူး .."

Right Now ( Short Story)Where stories live. Discover now