01

360 24 2
                                    


" ဆောင်းဟွန်းက မလာသေးဘူးလား "


" ငါ့မင်းသားလေး ဆောင်းဟွန်းကို မြန်မြန်တွေ့ချင်နေပြီလို့ ! "


" ပတ်ခ်ဆောင်းဟွန်းရယ် မြန်မြန်လာပါတော့ တွေ့ချင်လှပြီ "


" ဆောင်းဟွန်းနေမကောင်းတာ ထင်တယ် ကျောင်းမလာတာ 2ရက်ရှိနေပြီနော် "


" ငါ့ဆောင်းဟွန်းလေး အဆင်ပြေရဲ့လားမသိ "


ဆောင်းဟွန်း။ ပတ်ခ်ဆောင်းဟွန်း။



ဂျယ်ယွန်းထိုနာမည်ကို ကြားနေရတာ လွန်ခဲ့တဲ့နှစ်ရက် ဒီကျောင်းကို သူစရောက်တဲ့နေ့တည်းကပင် ဖြစ်သည်။


အတန်းထဲမှ မိန်းကလေးများ၏ ပြောကြားချက်များအား ဂျယ်ယွန်းကြားရမိသလောက်တော့ ထိုပတ်ခ်ဆောင်းဟွန်းဆိုသူက အတော်လေးကြည့်ကောင်းပြီး ချောပုံရသည်။ သို့သော်လည်း သူဘယ်လောက်ပဲချောချော ဂျယ်ယွန်းက လုံးဝဂရုစိုက်မည်မဟုတ်။ ဘာကြောင့်လဲဆိုရင် တစ်လောကလုံးမှာ ဂျယ်ယွန်းလောက် ချောသည့်သူမရှိဟု ဂျယ်ယွန်းက သတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။


" အားးးးးးဆောင်းဟွန်းးးးလာပြီ !! "


" ဆောင်းဟွန်း ! ဆောင်းဟွန်း ! ဆောင်းဟွန်း ! "


" ဆောင်းဟွန်း နေမကောင်းလို့လား ကျောင်းမလာတာ 2ရက်တောင်မှနော် "


မိန်းကလေးများဆီမှ ကျယ်လောင်စွာဖြင့် အသံများထွက်ပေါ်လာတာကြောင့် ပတ်ခ်ဆောင်းဟွန်းဆိုသည့်လူ ရောက်လာပြီထင်ရ၏။ ဂျယ်ယွန်းဟာလည်း သိချင်စိတ်ဖြင့် ထိုမိန်းကလေးများ လျှောက်သွားသည့် တံခါးဝအား အကြည့်ပို့လိုက်မိတော့၏။


OMG !!!! ဂျယ်ယွန်းထက် ချောတဲ့သူကို ဂျယ်ယွန်းရှာတွေ့ပြီထင်သည်။ ပတ်ခ်ဆောင်းဟွန်းက ညှို့ဓာတ်ရှိပုံရသည်။ ဂျယ်ယွန်းသူ့(ဆောင်းဟွန်း) ကိုမြင်လိုက်သည်နှင့် ဂျယ်ယွန်းအကြည့်တို့အား သူ့ဆီမှ မခွာနိုင်အောင်ပင် ပတ်ခ်ဆောင်းဟွန်းက ဆွဲဆောင်နိုင်လွန်းပါ၏။


ဒုက္ခပါပဲ။ ဂျယ်ယွန်းနှလုံးသားလေးကတော့ အအေးမိသွားပြီထင်၏။ ဒါဟာ ပတ်ခ်ဆောင်းဟွန်းကြောင့် ဖြစ်ရတာမို့ ဂျယ်ယွန်းနှလုံးသားလေးအား ပတ်ခ်ဆောင်းဟွန်းတာဝန်ယူမှ ရတော့မည်။


Always Be Yours  [ Completed ]Where stories live. Discover now