07 ( Final )

176 25 3
                                    


ဆောင်းဟွန်းနှင့် ဂျယ်ယွန်းတို့ ချစ်သူဖြစ်ပြီးသည့်နောက်ပိုင်း သူတို့နှစ်ယောက်ကြားထဲတွင် ဂျုံဆောင်းကတော့ သိသိသာသာကို တတိယဘီးဖြစ်လို့လာလေသည်။ သူတို့နှစ်ယောက်ချစ်သူမဖြစ်ခင်ကတော့ ပတ်ခ်ဆောင်းဟွန်း၏ နေ့စဥ်နားပူနားဆာ လုပ်မှုကြောင့် နားငြီးသက်သာအောင် ဂျုံဆောင်းက သူတို့နှစ်ယောက်ကိုအဆင်ပြေစေချင်ခဲ့တာ။ သူတို့နှစ်ယောက်သာ အဆင်ပြေသွားရင် နားငြီးသက်သာလိမ့်မယ်လို့ ဂျုံဆောင်းထင်ခဲ့တာကိုး။ယခုတော့ ထိုနှစ်ယောက်အား ဂျုံဆောင်းတကယ်ပင် ပြတ်စေချင်တော့သည်။


နေ့စဥ်နှင့်အမျှ ပတ်ခ်ဆောင်းဟွန်းဟာ ဂျုံဆောင်းအား သူ့ချစ်သူလေး ဂျယ်ယွန်းဘယ်လိုချစ်ဖို့ကောင်းကြောင်း၊ သူတို့နှစ်ယောက်က အားရင်အားသလို dateတတ်ကြောင်း၊ ဂျယ်ယွန်းကသူ့ကို ဘယ်လိုခေါ်တယ်ဆိုတဲ့အကြောင်း စသည်ဖြင့် သာလိကာလို တတွတ်တွတ်နှင့် ပြောကြားနေတတ်၏။ ဂျယ်ယွန်းကရော ဘာထူးသလဲလို့။ အားအားရှိ တစ်မောင်တည်းမောင်နေတာ။ အချဥ်ပေါင်းရောင်းနေသလားမှတ်ရတယ်။ ပတ်ခ်ဆောင်းဟွန်းနဲ့ ရှင်းမ်ဂျယ်ယွန်းက တကယ်ကို ဂျုံဆောင်းအတွက် ဒုက္ခအိုးလေးတွေ။ ဝဋ်ကြွေးရှိရင်လည်း ဂျုံဆောင်း ဒီဘဝမှာသာ အမြန်ဆုံးကျေချင်ပါတော့သည်။




" ဂျယ်ယွန်း ရေခဲမုန့်တွေ စားတာများနေပြီမလား တော်တော့လေ "



" ငါကြိုက်လို့လေ မောင်ကလည်း ဘာလဲ... မောင်က ငြိုငြင်နေတာလား "



" မဟုတ်ပါဘူး မောင်က မောင့်ဂျယ်ယွန်းလေးကို ငြိုငြင်စရာလား မောင့်ဂျယ်ယွန်းလေး ချောင်းဆိုးမှာစိုးလို့ မောင်က ပြောပြတာ "



" ဟီးဟီး ဒါဆိုလည်း ငါမစားတော့ဘူးလေ "



" မောင့်ဂျယ်ယွန်းလေး အလိမ္မာဆုံးပါဗျာ "



တွေ့လား။ တွေ့လား။ ဂျုံဆောင်းကိုရှေ့ထားပြီး နည်းနည်းလေးမှ အားမနာဘဲ လာroပြနေကြတာ။ ဂျုံဆောင်းရဲ့ ဝဋ်ကလည်း ကြီးမားလိုက်တာ။




" ဟေ့ကောင်တွေ ရိုးရိုးတန်းတန်းပြောကြစမ်းပါကွာ မင်းက မောင့်ဂျယ်ယွန်းလေး၊ မောင့်ဂျယ်ယွန်းလေးနဲ့ ဘာဖြစ်နေတာလဲ ရှင်းမ်ဂျယ်ယွန်းဆို ရှင်းမ်ဂျယ်ယွန်းပေါ့ မင်းကလည်း တစ်မောင်မောင်နဲ့ အချဥ်ပေါင်းရောင်းနေတာလား တကယ်ပဲ အာရုံကိုနောက်တယ် ! "



Always Be Yours  [ Completed ]Where stories live. Discover now