နာရီလက်တံများတဖြည်းဖြည်းရွေ့သလို အချိန်တွေဟာလည်း တဖြည်းဖြည်း၊ တရွေ့ရွေ့ဖြင့် ကုန်ဆုံးကာ လအနည်းငယ်ကြာမြင့်ခဲ့ပြီး ဂျယ်ယွန်းဟာ ဆောင်းဟွန်းနှင့် ဂျုံဆောင်းတို့၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်လို့လာ၏။ ပိတ်ရက်များတွင်လည်း စာအတူတူစုလုပ်ဖြစ်ကြသည်။
ဂျယ်ယွန်းအဖို့တော့ ဆောင်းဟွန်းနှင့် ဂျုံဆောင်းတို့အား သူငယ်ချင်းတော်ထားရခြင်းမှာ ကံကောင်းမှုကြီး တစ်ခုဟူ၍ပင် ပြောလို့ရနိုင်သည်။ ဆောင်းဟွန်းနှင့်ဂျုံဆောင်းဟာ တကယ်ပင်ဂျယ်ယွန်းအပေါ်ကောင်းပေးကြပါသည်။
ဆောင်းဟွန်းအပေါ်တွင်ထားသော ဂျယ်ယွန်း၏ သဘောကျစိတ်တို့မှာလည်း ပို၍ပင်နက်ရှိုင်းလာလေပြီး ချစ်မိခြင်းဟူသည့် ခေါင်းစဥ်အောက်သို့ ကျရောက်လို့နေသည်။ ချစ်မိနေပြီ။ ဂျယ်ယွန်းဟာ ဆောင်းဟွန်းအား ချစ်မိနေပြီ။ ဒါဟာ ဂျယ်ယွန်းကိုယ်တိုင်ပင် မသိလိုက်ခင်မှာပဲ ဖြစ်ပျက်သွားပြီး ပေါ်ပေါက်လာသည့် ခံစားချက်လေးပင်ဖြစ်သည်။
ဆောင်းဟွန်းအား ဖွင့်ပြောသည့် မိန်းကလေးများရှိနေသေးပေမယ့် ဆောင်းဟွန်းဟာ ယခုအထိ မည်သူ့ကိုမှလက်ခံပြီးတွဲခြင်းမရှိဘဲ ငြင်းလွှတ်နေတုန်းပင်ဖြစ်သည်။ ဂျုံဆောင်းပြောဖူးသည့်အတိုင်း ဆောင်းဟွန်းဟာ အမှန်တကယ်ပဲ အချစ်ဦးကို မမေ့နိုင်သေးပုံရပါသည်။
ဂျယ်ယွန်းတကယ်ပဲ သိချင်ပါသည်။ ဆောင်းဟွန်းကို မေ့မရနိုင်အောင်ဆွဲဆောင်ထားနိုင်သည့် ဆောင်းဟွန်း၏ အချစ်ဦးဟာ ဘယ်သူဖြစ်လိမ့်မလဲလို့။ ဘာပဲဖြစ်ဖြစ်ပါလေ။ ဆောင်းဟွန်းက ပိုင်ရှင်ရှိနေတဲ့သူမှ မဟုတ်ဘဲ။ ဂျယ်ယွန်းကို ဆောင်းဟွန်းသဘောကျမလာဘူးလို့လည်း ဘယ်သူမှမပြောနိုင်ဘူးမဟုတ်လား။
ယခင်က ဂျယ်ယွန်းစာကြိုးစားခဲ့ရသည့်အကြောင်းအရင်းက မိသားစုကို ဂုဏ်ယူစေချင်လို့ဖြစ်သည်။ ယခုတော့ ဆောင်းဟွန်းကြောင့်လည်း ဂျယ်ယွန်းကြိုးစားနေရခြင်းဖြစ်သည်။ အကယ်၍ ဂျယ်ယွန်းနှင့် ဆောင်းဟွန်း ချစ်သူတွေ ဖြစ်သွားတဲ့အခါ ပတ်ခ်ဆောင်းဟွန်းရဲ့ကောင်လေးက စာညံ့တယ်ဆိုပြီး လူတွေဝိုင်းပြောမှာမခံနိုင်ပါဘူး။ အဲ့အခါကျ ဆောင်းဟွန်းလည်း သိက္ခာကျမှာပေါ့။ မဖြစ်ဘူး။ မဖြစ်ဘူး။ ဒါမျိုး ဂျယ်ယွန်းလက်မခံနိုင်ပါ။ ထို့ကြောင့် ဂျယ်ယွန်းစာကိုပို၍ပင် ကြိုးစားရမည်ဟု ခံယူထားသည်။
YOU ARE READING
Always Be Yours [ Completed ]
Fanfictionပတ်ခ်ဆောင်းဟွန်းနှင့် ချစ်သူဖြစ်ရဖို့အရေး ရှင်းမ်ဂျယ်ယွန်းအရေး !!