06

201 25 2
                                    

စာမေးပွဲနီးလာပြီဖြစ်သည့်အတွက် ဆောင်းဟွန်းဟာ စာကိုကြိုးကြိုးစားစားဖြင့်လုပ်နေရသလို ဂျယ်ယွန်းအား ပိုးပန်းခြင်းအမှုကိုလည်းပြုရသေး၏။ ဂျယ်ယွန်းက စာမေးပွဲဖြေပြီးရင် အဖြေပြန်ပေးမည်ဟု ပြောထားသည်ကြောင့် ဆောင်းဟွန်းစာမေးပွဲသာ အမြန်ဆုံးဖြေလိုက်ချင်ပါတော့သည်။

ဂျယ်ယွန်းကို ပိုးပန်းရာမှာ ဂျုံဆောင်းသင်ပေးထားသည်များကိုလည်း ဆောင်းဟွန်းထုတ်သုံးရဦးမည်။ ဂျုံဆောင်းသင်ပေးထားသည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း ဆောင်းဟွန်းက ရှက်သည့်အတွက် ချက်ချင်းထုတ်မသုံးရဲခဲ့။ ထို့အတွက်ကြောင့်လည်း ဂျုံဆောင်းငေါက်တာခံရလိုက်ရသေးသည်။ ဒီနေ့တော့ ဂျုံဆောင်းသင်ပေးထားသည့်အတိုင်း ဂျယ်ယွန်းကို ပြောရန်အတွက် ဆောင်းဟွန်းဆုံးဖြတ်ထားသည်။ ထို့ကြောင့် ဂျယ်ယွန်း ရှိလောက်မည့် စာကြည့်တိုက်ရှိရာဘက်သို့ပဲ ဆောင်းဟွန်းထွက်လာခဲ့လိုက်သည်။

စာကြည့်တိုက်သို့ ဦးတည်နေသည့် ဆောင်းဟွန်း၏ ခြေလှမ်းတို့ဟာ ပုံမှန်ထက်မြန်ဆန်လျက်ရှိနေပြီး ဆောင်းဟွန်း၏ စိတ်အစဥ်တို့ဟာလည်း ဂျယ်ယွန်းကို တွေ့ချင်စိတ်တို့ဖြင့်သာ ကြီးစိုးနေ၏။

" အစ်ကို ဆောင်းဟွန်း ! "



" ................... "



စာကြည့်တိုက်သို့သွားနေရင်း ဆောနူ၏ ခေါ်သံကြားလိုက်ရတာကြောင့် လှမ်းနေသည့် ခြေလှမ်းများအား အရှိန်သတ်ကာ ဆောင်းဟွန်းရပ်လိုက်မိသည်။



" စာကြည့်တိုက်သွားမလို့လား "



" အင်း ဟုတ်တယ် "



" ဒါဆို ကျွန်တော်လည်းလိုက်မယ်။ ဟိုယန်းဂျောင်ဝန်းပေါ့ စာကြည့်တိုက်ကို အတူသွားမယ်လို့ ချိန်းထားတာကို ကျွန်တော့်ကိုမစောင့်ဘဲ သူကအရင်သွားနှင့်ပြီလေ "



" ဟုတ်လား လိုက်ခဲ့လေ အတူသွားမယ် "



ဆောနူက အတူလိုက်ရန်ပြောလာတော့ မပင်ပန်းသည့်ကိစ္စဖြစ်တာကြောင့် ဆောင်းဟွန်းလည်းသဘောတူလိုက်ပြီး ဆောနူနှင့်အတူ စာကြည့်တိုက်သို့ ဆက်၍ထွက်လာခဲ့သည်။



Always Be Yours  [ Completed ]Where stories live. Discover now