05

157 17 0
                                    


" ဂျယ်ယွန်းကို တွေ့မိသေးလား ဂျုံဆောင်း "


" အေး ခုနက သူ့နေရာမှာထိုင်နေတာ တွေ့လိုက်သေးတယ်လေ ဘာလို့လဲ "


" ငါအခုထိ မတွေ့သေးလို့ "


" ရှိမှာပေါ့ကွ တစ်နေရာရာမှာ ဂျယ်ယွန်းက ကလေးမှမဟုတ်တော့တာ "


ပတ်ခ်ဆောင်းဟွန်းတို့ တကယ်ပဲ အကဲပိုနေလိုက်တာများ။ အမြင်ကိုကတ်ဖို့ကောင်းတယ်။ ဒါတောင်မှ ဂျယ်ယွန်းနဲ့ရည်းစားမဖြစ်သေးလို့သာပဲ ရည်းစားသာဖြစ်သွားရင် ဂျယ်ယွန်းမျက်နှာတစ်ကမ္ဘာလုပ်နေပြီး ဂျုံဆောင်းကိုတောင် မေ့ချင်မေ့သွားတော့မှာ။ သူငယ်ချင်းတွေ ကောင်းကိုမကောင်းဘူး။


" ဪ အဲဒါကတော့ မင်းပြောမှလား သိတာပေါ့ကွ ဒီနေ့ ဂျယ်ယွန်း မျက်နှာလေးကိုမတွေ့ရသေးတော့ လွမ်းနေပြီလေ မင်းကိုပြောနေလည်း အပိုပါပဲ ငါ့ဘာသာငါပဲ ဂျယ်ယွန်းကို လိုက်ရှာတော့မယ် "


" ကြွ ကြွ "


မနေ့ကမှ ဂျယ်ယွန်းနဲ့တွေ့ထားတာကို ဒီလောက်တောင် အဖြစ်သည်းနေတဲ့အကောင် ဘယ်လောက်ရှာရှာ ဂျယ်ယွန်းကို မတွေ့ပါစေနဲ့။ ကျောင်းတစ်ပတ်လောက်ပတ်ပြီး အမောဆို့နေအောင် အောင်ရှာရပါစေ ပတ်ခ်ဆောင်းဟွန်း။ လွန်ကဲစွာအဖြစ်သည်းနေသည့် ဆောင်းဟွန်းအား ဂျုံဆောင်းမေတ္တာပို့သနေခြင်းပင်ဖြစ်ပါ၏။




_




ဆောင်းဟွန်း တစ်ကျောင်းလုံးသို့ပတ်၍ ဂျယ်ယွန်းအား ရှာနေသော်လည်း ရှာမတွေ့။ မသိရင် ဂျယ်ယွန်းကပဲ ဆောင်းဟွန်းကို တမင်ရှောင်ပုန်းနေခြင်းနှင့်တူ၏။ ဂျယ်ယွန်းကိုရှာမတွေ့တော့ လွမ်းသည့်စိတ်တို့မှာ ပို၍ကြီးစိုးလာပြီး ဆောင်းဟွန်းငိုပါငိုချင်လာတော့သည်။ ဆောင်းဟွန်းတော့ ဂျယ်ယွန်းအပေါ်မှာ  အတော်လေးကို နစ်ဝင်နေပြီထင်သည်။ ထိုသည်အား ဆောင်းဟွန်းလည်း သတိထားမိ၍ လက်ခံလိုက်ရသည်။ ဂျယ်ယွန်းကို ဆောင်းဟွန်းက နင့်နင့်သည်းသည်းကို သဘောကျနေမိရာကနေ ချစ်မိသွားတာများလား။


ဂျယ်ယွန်းကို  ချစ်မိနေပြီလားဟု ဆောင်းဟွန်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတော့ ဆောင်းဟွန်းရဲ့နှလုံးသားလေးဟာ လျင်မြန်စွာပဲ လှုပ်ရှားလာပြီး ဒုတ်ဒုတ်ဟူသော မြည်သံအား ဆောင်းဟွန်းကိုကြားစေ၍ အဖြေပြန်ပေးလာ၏။ ဒါဆို ဆောင်းဟွန်းသိလိုက်ပြီ။ တကယ်ပဲ သူ(ဆောင်းဟွန်း)က ဂျယ်ယွန်းကို ချစ်မိသွားတာပဲ။ အချစ်က ဒီလိုမျိုး အချိန်ခဏလေးအတွင်းမှာပဲ ဖြစ်ပေါ်နိုင်တာပဲ။


Always Be Yours  [ Completed ]Where stories live. Discover now