02

243 24 0
                                    

ကျောင်း2ရက်တောင် ပျက်ထားတာကြောင့် စာကြိုးစားသည့်သူမဟုတ်သော်လည်း စာမေးပွဲကျ အမှတ်မကောင်းရင် မာမီမာသားထံမှ လေသေနတ်များအပစ်ခံရမှာကြောက်သည့်အတွက် လွတ်သွားသည့်စာများအား ဂျုံဆောင်းကို ပြန်၍ ရှင်းပြခိုင်းရန်အတွက် ဆောင်းဟွန်းကျောင်းကိုစောစောရောက်နေမိသည်။ ဂျုံဆောင်းအိမ်နှင့် ဆောင်းဟွန်းအိမ်ဟာ လမ်းကြောင်းမသင့်တာကြောင့် ကျောင်းသွားကျောင်းပြန်အတူတူလုပ်၍မရ။ ကျောင်းကလည်း မပိတ်ရက်မရောက်သေးတာကြောင့် ကျောင်းကိုစောစောလာပြီးတော့ပဲ ဂျုံဆောင်းအား ပြန်ရှင်းပြပေးဖို့ ပြောထားရသည်။

အတန်းထဲ၌ မည်သူမျှမရောက်သေးဘဲ ဆောင်းဟွန်းက အစောဆုံးရောက်နေခြင်းဖြစ်ပြီး ဆောင်းဟွန်း ဂျုံဆောင်းအား စောင့်နေလိုက်၏ ။ ထိုသို့စောင့်နေစဥ် အပြင်ဘက်မှ ခြေသံကြားလိုက်ရတာကြောင့် ဂျုံဆောင်းလာတာဖြစ်မည်ဟု ဆောင်းဟွန်းထင်မှတ်လိုက်သည်။ သို့သော် အတန်းထဲသို့ဝင်လာသည့်သူမှာ ဆောင်းဟွန်းထင်ထားသလို ဂျုံဆောင်းမဟုတ်ပေ။

ဂျယ်ယွန်းဖြစ်၏ ။ ဂျယ်ယွန်းဟာ အတန်းထဲသို့ ဝင်လာပြီး ဆောင်းဟွန်းအား တွေ့သွားတော့ အံ့သြသွားပုံတစ်ချက်သာပြ၍ သူ့နေရာတွင်သာသူ ဝင်ထိုင်သွားတော့သည်။


ဂျယ်ယွန်းက လွန်လိုက်တာ။ ဆောင်းဟွန်းနှင့်သူက မနေ့က ဂျုံဆောင်းမိတ်ဆက်ပေးထားလို့ သိသွားကြပြီမဟုတ်ဘူးလား။ ဆောင်းဟွန်းကို မနှုတ်ဆက်ရင်တောင် နည်းနည်းဖြစ်ဖြစ် ပြုံးပြသင့်တာကို။


ဂျယ်ယွန်းအား ဆောင်းဟွန်းဆက်ကြည့်နေလိုက်မိတော့ ဂျယ်ယွန်းက ထိုင်နေသည့်နေရာမှ ထ၍ အပြင်သို့ ထွက်သွားဖို့ပြင်နေ၏ ။


" ဟို... ဂျယ်ယွန်း ! "



အပြင်ထွက်ဖို့ ပြင်နေသည့် ဂျယ်ယွန်းအား ဆောင်းဟွန်း အရဲစွန့်ပြီး ခေါ်လိုက်မိတော့ ဆောင်းဟွန်းအား လှည့်ကြည့်လာ၏ ။


" ဘယ်သွားမလို့လဲ "

လှည့်ကြည့်လာပြီး ဘာစကားမှ ဆိုမလာသည့် ဂျယ်ယွန်းကြောင့် ဆောင်းဟွန်းကပဲ ထပ်မံစကားဆိုလိုက်ရလေ၏ ။


Always Be Yours  [ Completed ]Where stories live. Discover now