" မင်းညက ပို့တဲ့စာက တကယ်ကြီးလား !!? "" တကယ်မဟုတ်ဘဲ ငါကဘာလို့မင်းကို အားအားယားယား ပို့ရမှာလဲ "
" ဒါဆိုတကယ်ကြီးပေါ့လေ မင်းက ဂျယ်ယွန်းကို... "
" အေးလို့ ဟုတ်ပါတယ်ဆိုနေမှ "
မနေ့ညက အိပ်ရာဝင်ခါနီးတွင် ဂျုံဆောင်းတစ်ယောက် ဆောင်းဟွန်းဆီမှ messageတစ်စောင်လက်ခံရရှိပြီးနောက် အနည်းငယ် ရှော့ခ်ရသွားခဲ့ရသည်။
ပတ်ခ်ဆောင်းဟွန်းကလေ ဂျယ်ယွန်းကိုသဘောကျနေတာတဲ့။ ဒါကဖြစ်နိုင်ပါ့မလား။ မူလတန်းတည်းက ဆောင်းဟွန်းနှင့်သူငယ်ချင်းဖြစ်လာခဲ့သည့် ဂျုံဆောင်းက ဆောင်းဟွန်းအကြောင်းကို အသိဆုံးဖြစ်ပြီး ဆောင်းဟွန်းက ဖြောင့်တန်းနေသည့် သံပေတံကြီးဆိုတာလည်း သိပြီးသား။ သံပေတံကနေ ဘယ်လိုလုပ် ဂျယ်လီပေတံအဖြစ်ကို ပြောင်းသွားရတာလဲ။ ဂျုံဆောင်း တကယ်ပဲ လိုက်လို့မမှီနိုင်ဖြစ်နေရပြီ။ ဒါပေမယ့် ဆိုးတော့မဆိုးပါဘူး။ ဆောင်းဟွန်းနှင့် ဂျယ်ယွန်းက ဒီအတိုင်းယှဥ်ပြီးရပ်နေရင်တောင်မှပဲ လိုက်ဖက်နေတာလေ။
" ငါဒီနေ့ကစပြီး ဂျယ်ယွန်းကိုလိုက်တော့မှာမို့ မင်းလည်းကူညီပေးဦး "
" ဟမ် ! ငါကလေ? "
သူ့ကိုယ်သူ လက်ညှိုးနှင့်ထိုးပြ၍ ဂျုံဆောင်းကပြောသည်။
" အင်း မင်းကူညီရမှာ "
ဆောင်းဟွန်းအသံက မဖြစ်မနေကူညီရမယ်လို့ ပြောနေသည့်အတိုင်း။
ဂျုံဆောင်း တကယ်ကြီးစိတ်ညစ်လာပြီ။ ကိုယ့်ဟာကိုယ်တောင် ရည်းစားရှိဖို့မပြောနဲ့crushတောင် မရှိသေးတဲ့ဟာကို။ သူငယ်ချင်းက သူ့crushကို လိုက်မယ့်ကိစ္စမှာ ဝင်ပြီးအကျိုးတော်ဆောင်လုပ်ပေးရဦးမယ်တဲ့ခင်ဗျာ။ ဂျုံဆောင်း တကယ်စိတ်ညစ်လွန်းလို့ ရေနဲ့ခေါင်းနဲ့သာ ပြေးဆောင့်ပြီး သေလိုက်ချင်တော့သည်။
ပတ်ခ်ဆောင်းဟွန်း တော်တော်ဒုက္ခပေးတဲ့ကောင် !
" အဟမ်း ငါကူညီပေးတာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဂျယ်ယွန်းက မင်းကိုပြန်မကြိုက်ရင်တော့ ငါလည်း ဘာမှမတက်နိုင်ဘူးနော် "
YOU ARE READING
Always Be Yours [ Completed ]
Fanfictionပတ်ခ်ဆောင်းဟွန်းနှင့် ချစ်သူဖြစ်ရဖို့အရေး ရှင်းမ်ဂျယ်ယွန်းအရေး !!