9

72 15 1
                                    


နောက်နေ့တွေမှာတော့ ချန်းယောင်းက ဆိုးဟီးကို သိသိသာသာ လိုက်တော့သည်။ ဆိုးဟီးရင်ခုန်စေမယ့် စကားမျိုးကို တမင်ရွေးပြောတတ်လာတဲ့ ချန်းယောင်းက အဲ့လောက်စကားတတ်မှန်းမသိခဲ့ပါ။

ဥပမာ
'နောက်ဆ်ိုရင် ပန်းချီကားချပ်တွေရောင်းလို့ရတဲ့ အဖိုးအခတွေကို အစ်ကို့ဆီအပ်ချင်တယ်'

'ကျွန်တော့်ဘေးနားမှာ တူတူမအိပ်ချင်ဘူးလား'

'Eiffel Tower ကိုနောက်တစ်ခေါက်ထပ်သွားရအောင်..အစ်ကို့ကိုအကြင်နာပေးပြီး ထပ်ဖွင့်ပြောချင်လို့'

ဆိုးဟီးမှာ ပါးစပ်အဟောင်းသားဖြစ်ရသည်။
ချန်းယောင်းရဲ့ စကားတွေက အမှန်တစ်ကယ် သူ့ကိုရင်ခုန်စေပါတယ်။
အိပ်ရာဝင်ခါနီးတိုင်း ပြန်တွေးမိပြီး အပြစ်မရှိတဲ့ ကုတင်ကိုတစ်ဗုန်းဗုန်းထုရိုက်ကာ လေထဲကိုခြေထောက်နဲ့ကန်ပြီး အသည်းယားရသေးတာ။

ကိုယ်ကြိုက်တဲ့သူက အဲ့လိုကလိကလိစကားမျိုးတွေလာပြောတာ ကံကောင်းတာလားသေချာမသိတော့ပေမဲ့ ဆိုးဟီးက မျက်နှာမဖြီးအောင် ထိန်းထားရတာ ခက်၏။

ဆိုးဟီးမှာအကျင့်တစ်ခုရှိသည်။
လူတစ်ယောက်ကို ခင်ပြီဆိုရင်သံယောဇဉ်ဖြစ်လွယ်ပြီး..
အခုမှာတော့ ချန်းယောင်းကို ချစ်ပါချစ်မိသွားတာဖြစ်တယ်။

သူ့ကိုယ်သူ ကံကောင်းတယ်လို့လဲ ထင်တာပေါ့!
ဒါပေမဲ့ 'အစ်ကိုလဲ မင်းကိုကြိုက်တယ်' လို့ ပြောလိုက်လို့ မဖြစ်သေးဘူးလို့ထင်သည်။ ချက်ချင်းလိုက်! ချက်ချင်းအဖြေရရင် ချန်းယောင်းက သူ့ကို လွယ်တယ်လို့ ထင်သွားလိမ့်မည်။

အဲ့ဒါကြောင့်မို့လို့ သံယောဇဉ်ကြီးသူပီပီ ပထမရည်းစားဟောင်းကိုလဲ ချက်ချင်းအဖြေပြန်ပေးခဲ့လို့ တန်ဖိုးမထားခဲ့ခံရသလို ခံစားရပြီး အဲ့လူကိုစိတ်ပြတ်အောင်အတော် စိတ်ဖြတ်ခဲ့ရသည်။

🍯

ဆိုးဟီးအလုပ်ဆင်းတဲ့အခါ ချန်းယောင်းက သူ့ကိုစောင့်နေတာ တွေ့လိုက်ရသည်။ ဒီနေ့မှ ကန်မလီကလဲ ဆိုးဟီးနဲ့အတူတူ အလုပ်ဆင်းလာတာမ်ို့ ချန်းယောင်းကိုတစ်လှည့် ဆိုးဟီးကိုတစ်လှည့် ပြုံးစိစိ မျက်နှာပေးနဲ့ ကြည့်သွားသေးတယ်။
သေချာပေါက် မနက်ဖြန် ကန်မလီဆီက အင်တာဗျူးတာခံရတော့မည်။

You've reached the end of published parts.

⏰ Last updated: Jan 15 ⏰

Add this story to your Library to get notified about new parts!

My Artist Where stories live. Discover now