4

634 61 16
                                    

"ဒါဆို Mingyu hyung ခေါ်လာတာပေါ့!"

အရှေ့က Wonwoo မှာ မျက်ရည်လေးတွေဝဲနေပြီး ခေါင်းလေးငြိမ့်ပြရှာသည်။

သူ ဖြစ်သမျှ အကုန်လုံးကို ဟိုနေ့က တွေ့ခဲ့တဲ့ နိုင်ငံခြားသားနဲ့ တူတဲ့ကောင်လေးကို ပြောပြလိုက်သည်။

Hansol တစ်ယောက် မျက်မှောင်ကျုံ့မိပြီး

"Mingyu hyung ဘယ်သွားလဲ!"

ဘေးနားမှာ ဆေး သေတ္တာဘူး ယူလာတဲ့ အသက်လေးဆယ်ကျော် အရွယ်ရှိတဲ့ RED Dragon စံအိမ်ရဲ့ အိမ်တော်ထိန်းကို လှမ်းမေးသည်။

"သခင်ကြီးက နယ်စပ် ဘက် ခဏသွားပါတယ် သခင်လေး"

"အရေးကြီးလား"

"အဲ့တာတော့ ကျွန်တော့်ကို ပြောမသွားပါဘူး သခင်လေး"

"အင်း... ပေး"

အိမ်တော်ထိန်းလီ လက်ထဲက ဆေးသေတ္တာဘူးကို ယူလိုက်ရင်း Wonwoo ဘေးမှာ ဝင်ထိုင်လိုက်သည်။

"လာ... ကျွန်တော် ဆေးလိမ်းပေးမယ်"

ထွက်ပြေးမယ်ဆိုပြီး ပြတင်းပေါက်နားက သစ်ပင်ပေါ် တွယ်တက်ပြီး ဆင်းခဲ့ရတာကြောင့် လက်နုနုလေးမှာ သစ်ကိုင်းများနဲ့ ခြစ်မိပြီး သွေးထွက်လို့နေသည်။

ဂွမ်းစလေးကို ယူပြီး အရက်ပြန်သိပ်ကာ သွေးထွက်နေတဲ့ နေရာလေးတွေကို အသာအယာ လိုက်လိမ်းပေးတော့

"အ့"

"စပ်လို့လား?"

သူမေးတော့ နှုတ်ခမ်းလေးကို ဖိကိုက်ထားရင်း မျက်ရည်လေးတွေ ဝိုင်းနေတဲ့ သူ့အကြည်ဓါတ်လေးက ခေါင်းငြိမ့်ပြသည်။

ဟက်... ချစ်စရာ။

Hansol တစ်ယောက် ဆေးလိမ်းပေးနေရင်း စပ်တာသက်သာအောင် ဖြေးဖြေးလေးမှုတ်ပေးနေသည်။

"စပ်သေးလား"

"ဟင့်အင်း"

ဆေးလိမ်းပြီးတော့ ဆေးဘူးတွေ ပြန်သိမ်းနေရင်း

"ဟို... ကျေးဇူးတင်ပါတယ်"

တီးတိုးစွာ ထွက်လာတဲ့ စကားသံလေးကြောင့် မော့ကြည့်မိသည်။ ထို့နောက် ပြုံးကာ

"ရပါတယ်... Hyung ဒါနဲ့ Hansol ပါ ကျွန်တော့်နာမည် Chwe Hansol"

"ကျေးဇူးတင်ပါတယ် Hansol shi"

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now