6

344 45 10
                                    

"Wonwooလေးကို ကယ်ပေးကြပါကွယ် ဒေါ်လေး... ဒေါ်လေး တောင်းပန်ပါတယ် သားတို့ရယ်"

တုန်ရီစွာ ငိုကြွေးနေသော ဒေါ်လေး၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း

"စိတ်ချပါ ဒေါ်လေးရယ် ကျွန်တော်တို့ Wonwoo ကို မရ ရအောင် ကယ်မှာပါ"

"ငါတော့ လွယ်မယ်မထင်ဘူး Junhui"

Jihoon တစ်ယောက် အလိုက်ကမ်းဆိုး မသိ ဝင် ပြောနေတဲ့ Soonyoung ရဲ့ ဗိုက်ကို နာနာ ဆွဲလိမ်လိုက်သည်။

"အာ့"

"ရှူး! မင်း အသာနေ Soonyoung"

ဘေးနားကပ်ကာ ခပ်တိုးတိုး ကြိတ်ပြောတော့ Soonyoung က ပါးစပ်လေးပိတ်ကာ ခေါင်းငြိမ့်ပြသည်။

Jihoon - "စိတ်မပူပါနဲ့ ဒေါ်လေး ကျွန်တော်တို့ Wonwoo ကို မတွေ့ တွေ့အောင် ရှာမှာပါ"

Jun - "ဟုတ်တယ် ဒေါ်လေး အဲ့တာ ကျွန်တော် တို့တာဝန်ထားပါ။ ဒေါ်လေးက ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်၊ လာမဲ့ အပတ်မှာလဲ ဝမ်လေးရဲ့ ရက်ချိန်းရှိတယ်မလား"

"အင်း ဟုတ်သားပဲ"

ဒေါ်လေးက အခုမှ သတိရဟန်ဖြင့် မျက်ရည်တွေကို ကပျာကယာ သုတ်ကာ ထိုင်နေရာမှ ထ ကာ အခန်းထဲဝင်သွားသည်။


...





ခဏလောက်နေတော့ အခန်းထဲမှ ပြန်ထွက်လာပြီး လက်ထဲမှာ တစ်ခုခု ယူလာခဲ့သည်။

"သားတို့ကို ပြောရမှာ အားနာပေမယ့် ဒါလေး"

ကြည့်လိုက်တော့ မြစိမ်းရောင် ဆွဲသီးလေးတစ်ခု။

"ငွေကြေးကတော့ လိုအပ်မယ်ထင်တယ်၊ ဒါလေးက Wonwooလေး အမေက Wonwoo အိမ်ထောင်ကျရင် စီစဥ်ပေးဖို့ရာ ချန်သွားပေးခဲ့တာ။ ဒါလေးကို ရောင်းပြီးတော့ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ နေရာတွေမှာ သုံးလိုက်ပါလား"

Wonwooတို့က ငွေရေးကြေးရေး အဆင်မပြေကြမှန်း Junတို့ သိသည်။

Jihoon - "နေပါစေ ဒေါ်လေး ကျွန်တော်တို့က စေတနာ သန့်သန့်နဲ့ ကူညီတာပါ၊ ငွေကြေးအတွက်လဲ စိတ်မပူပါနဲ့ ပြီးတော့ Wonwoo က ကျွန်တော်တို့ သူငယ်ချင်းလေ"

Jun - "ဟုတ်ပါတယ် ဒေါ်လေး ဒါတွေ မလိုပါဘူး"

ပေးကမ်းလာတဲ့ မြစိမ်းရောင် ဆွဲသီးလေးကို ဒေါ်လေး လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။





You've reached the end of published parts.

⏰ Last updated: Oct 07 ⏰

Add this story to your Library to get notified about new parts!

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now