5

587 61 15
                                    

Wonwoo ရေဆာတာကြောင့် အခန်းထဲမှ ထွက်လာကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အိမ်ကြီးတစ်ခုလုံးက အမှောင်ချထားပေမယ့် လှေကားက မီးလုံးလေးများ ဖွင့်ထား၍သာ တော်တော့သည်။

"လူရှိလား..."

ကြောက်ကြောက်နဲ့ အကူညီတောင်းဖို့ရာ ခေါ်ကြည့်တော့လဲ ဘာသံမှပြန်ထွက်မလာ။ ကြည့်ရတာ အကုန်လုံး အိပ်မောကြနေတာထင်တယ်။

ထော့နဲ့ ထော့နဲ့ဖြင့် ဆင်းလာပြီး မီးဖိုထဲထိ ဝင်ခဲ့လိုက်တော့သည်။ တောင်ကြည့်မြောက်ကြည့်ဖြင့် ရေခဲသေတ္တာနားသို့ရောက်လာခဲ့သည်။ ဆွဲဖို့ပြီး ယူဖို့ရာကြ သူစိမ်းတစ်ယောက်အနေနဲ့ ခွင့်ပြုချက်မရှိပဲ ယူတယ်ဖြစ်မှာဆိုးသောကြောင့် လက်တွန့်နေမိသည်။

မဖြစ်သေးပါဘူး ဟုဆိုကာ ဘေးနားက ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ တစ်ယောက်ယောက်လာမှသာ ခွင့်တောင်းပြီး ယူတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

အိမ်ထဲတွင်သာ လူ မရှိပေသည့် အိမ်ရှေ့ကတော့ စောင့်နေတဲ့ လူတွေက ၁၀ယောက်ခန့်တော့ အနည်းဆုံး ရှိမည်။

ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်နေတုန်း





"Hyung!"

ရေခဲသေတ္တာထဲမှ ဘီယာဘူးလာယူသော Hansolကိုတွေ့သည်။

"ထပ်ထွက်ပြေးအုံးမလို့လား!?"

ခွပ်!

ဘီယာဘူးကို စားပွဲပေါ် ဆောင့်ချကာ သူ့ဆီသို့ ဦးတည်လာသော Hansolကြောင့်

"မ...မဟုတ်ပါဘူး Hansol shii...ရေ..ရေဆာလို့ပါ"

တုန်တုန်ရီရီနဲ့ ပြောတာ မျက်လုံးချင်း မဆုံမိစေဖို့ မျက်နှာကို အောက်ငုံ့ထားလိုက်သည်။

Hansol ရဲ့ ခပ်ဖွဖွရီသံနှင့် ရေခဲသေတ္တာတံခါးဖွင့်သံကို ကြားလိုက်ရသည်။

"ရော့"

ရေထည့်ထားတဲ့ ဖန်ခွက်လေးတစ်ခု သူ့ကို လာပေးသည်။

Hansol ရဲ့ ခုနကပုံစံကို အနည်းငယ် လန့်သွားမိ၍ ပေးလာသော ရေခွက်ကို ခပ်မြန်မြန် လှမ်းယူကာ တစ်ခါတည်း မော့ချလိုက်သည်။ မော့လိုက်ပြီး နှုတ်ခမ်းနားမှာ ပေနေတဲ့ ရေကို လက်နဲ့ သုတ်လိုက်ရင်း

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now