3

758 52 14
                                    

Ballet dancer တဲ့လား...

Seungcheol တစ်ယောက် Niko ပို့လိုက်တဲ့ message တစ်ခုချင်းစီကို သေချာလိုက်ကြည့်နေသည်။


သူ Nikoကို ဟိုကောင်လေးအကြောင်း စုံစမ်းခိုင်းထားတာဖြစ်သည်။ အခုစုံစမ်းလို့ ရသမျှကို သူ့ဆီ message ပို့ကာ အစီရင်ခံတာဖြစ်သည်။

"နာမည်လေးက Jeon Wonwoo တဲ့လား"

နှုတ်ခမ်းဖျားမှာ နာမည်လေးကို တီးတိုးရွတ်ဆိုကာ Nikoပို့ပေးတဲ့ ပုံလေးတွေတစ်ခုပြီး တစ်ခုသေချာ လိုက်ကြည့်မိသည်။

ထို့နောက် သူ့အာရုံတွေ အကုန်လုံးကို ဖမ်းစားသွားသော video လေးတစ်ပုဒ်

Video ထဲတွင် ကောင်လေး တစ်ယောက်ဟာ အဖြူရောင်ဝတ်စုံလေး နဲ့ ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ်ရှိလျက် သေးသွယ်လှသော ခါးလေးကလဲ ဝတ်ထားသောပုံစံကြောင့် ပေါ်လွင်ထင်ရှားလို့နေသည်။ စင်ပေါ်သို့ ရောက်တော့ ရှေ့က ပရိသတ်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ စင်ပေါ် ရောက်သည်ဆိုသည်နှင့် တပြိုင်နက် ဆလိုက်မီးများဟာလဲ စင်ပေါ်က ကောင်လေးကို မီးမောင်းထိုးပြလို့နေသည်။ ထို့နောက် သာယာငြိမ့်ညောင်းလှတဲ့ တီးလုံးသံလေး ကြားရတော့ ထိုကောင်လေးဟာလဲ ထွက်ပေါ်လာသော တီးလုံးသံနဲ့ အညီ ခန္ဓာကိုယ်လေးကို စတင် လှုပ်ရှားလို့လာသည်။



ငြိမ့်ညောင်းလှတဲ့ တီးလုံးသံလေးကိုလိုက်၍ အသာအယာ ကပြ လှုပ်ရှားသွားသော ကိုယ်နေဟန်ထားတို့မှာ စည်းချက်ညီညီနဲ့ ကြည့်ရှုသူအဖို့ အလွန်တရာ စိတ်အေးချမ်းစေပါသည်။

တခါတခါ ကိုယ်ကလေး ကပြ လှုပ်ရှားသွားသည်မှာဆိုရင်လဲ ငှက်မွေးလေးသဖွယ် နူးညံ့ပေါ့ပါး သွက်လက်လှသည်။

Seungcheol video ကို မျက်တောင် တချက်မခတ် သေချာစွာ လိုက်ကြည့်ရင်း

ကနေတဲ့ ထိုကောင်လေးမှာတော့ တောက်ပသော အပြုံးလေးကို ဆင်မြန်းထားရင်း တီးလုံးသံလေးအပေါ် နစ်မြောကာ ကပြလို့နေသည်။

တကယ့်ကို နတ်သက်ကြွေလာတဲ့ နတ်သားလေး လို့ ထင်ရမိလောက်အောင်ကိုယ်ရောင် ကိုယ်ဝါတွေ တောက်ပလို့နေပြီး အလွန်ကို လှပလွန်းပါသည်။ ကကွက်များလဲ စုံလင်လှသည်။

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now