𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐩𝐭𝐞𝐫 🚨

794 51 14
                                    

For Leader Nim BDay❤️‍🔥

[ဤအပိုင်းသည် Special chapter ဖြစ်ပေသည့် နောက်ဖြစ်လာမည့် characters တွေရဲ့ ပုံစံတွေကိုပါ အရိပ်အမြွက် ပြပေးသွားမှာဖြစ်သည်။]

Story က အစကတည်းက +++ လို့ ပြောထားခဲ့တာ ဖြစ်တာကြောင့် အဲ့လိုမျိုးတွေ ဖတ်ဖို့ အဆင်မပြေရင်တော့ ကျော်သွားနိုင်ပါတယ်။🔞








.Wonwoo တစ်ယောက် မီးဖိုထဲမှာ အလုပ်ရှုပ်နေရှာသည်။


"အိမ်တော်ထိန်းလီ ! ဒါဆို ကျက်ပြီလားဟင်?"

"ကျက်ပြီ အကိုလေး"

"အရသာလေး မြည်းကြည့်ပါလား"

အိုးထဲက ရေညှိဟင်းရည်ကို ဇွန်းလေးနဲ့ ခပ်ကာ အိမ်တော်ထိန်းလီကို ခွံ့သည်။

မျှော်လင့်ချက်များစွာနဲ့

"ဘယ်လိုနေလဲ ဟင်"

"အင်း! ကောင်းတယ် အကိုလေး သေချာတယ် Bossကတော့ သဘောတွေ ကျနေတော့မှာ"

"အိမ်တော်ထိန်းလီ... ဒါတွေက ကိုကို့ အတွက် စပရိုက်စ်ပါဆို သွားပြောမယ် မကြံနဲ့နော်"

"မပြောပါဘူး အကိုလေးရယ် စိတ်ချ"

"ဒါနဲ့ Mingyuနဲ့ Hansolတို့ကရော"

"ခုနကတင် ဖုန်းဆက်ပါတယ် မနက်ဖြန်လောက်မှ ပြန်ရောက်ကြမယ်ပြောပါတယ်"

"ဟင်း... ချက်ထားတာ အများကြီးပါဆို"

ဟင်းပွဲပေါင်းများစွာ ခင်းကျင်းထားသော ထမင်းစားပွဲကို လှမ်းကြည့်ရင်း ညှိုးငယ်တဲ့ မျက်နှာလေးနဲ့ ပြောသည်။

"ကဲပါ... ခဏနေရင် Boss ပြန်ရောက်တော့မှာ အကိုလေး ပြင်ဆင်စရာရှိတာ သွားပြင်တော့လေ"

"ဟုတ်... cake က လာပို့သွားပြီမလား"

"ဟုတ်တယ် အကိုလေး လာပို့သွားပြီ"

"ကိုကို ကြိုက်တဲ့ wineကရော မှာလို့ရခဲ့လား"

"ရပါတယ် အကုန်လုံး အဆင်သင့်ကို ဖြစ်နေပါပြီ အကိုလေးရယ်"

"ဟီး... ဟုတ်ပါပြီ ဒါဆို ကျွန်တော် ရေသွားချိုးတော့မယ်"

"ကောင်းပါပြီ အကိုလေး မြန်မြန်တော့လုပ်နော် Bossပြန်ရောက်တော့မှာ"

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now