1

852 78 37
                                    

ကျွီ~~~!

ရုတ်တရက် အလုပ်မှာ လွဲချော်သွားသော ကိစ္စတစ်ရပ်ကြောင့် Niko ဖုန်းခေါ်တာနဲ့ အလောတကြီးနဲ့ ကားမောင်းနေတုန်း ကားရှေ့မှာ လူတစ်ယောက်ဟာ အကြောက်အလန့်မရှိ ဖြတ်ပြေးလေသည်။ တိုက်ဖို့နဲနဲလေးသာ လိုတော့ပေမယ့် သူ ဘရိတ်နင်းလိုက်နိုင်သည်။

တောက်စ်! အကြောက်အလန့်မရှိ သူ့ကားရှေ့ကမှ ဖြတ်ပြေးရတယ်လို့

ထိုဖြတ်ပြေးသောသူလဲ လန့်သွားကာ သူ့ကားရှေ့မှာ လဲကျသွားသည်။

Seungcheol ဒေါသဖြစ်ကာ ကားရှေ့က ဖြတ်ပြေးတဲ့ လူကို ထွက်ဆဲမယ်အလုပ်

"တောက်စ်!! မင်း သေချင်နေ...."

ကားပေါ်ကဆင်းပြီး ရှေ့ရောက်တော့ ကားရှေ့မှာလဲကျနေတဲ့ ဖြူဖွေးချောမွေ့တဲ့ အသားအရေ ရှိပြီး သေးသွယ်လှတဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးတစ်ယောက်ကို တွေ့သည်။ မျက်မှန်လေးနဲ့ ထိုအနှီကောင်လေးရဲ့ ပုံစံမှာ သူ့အတွက် အရမ်းကို ချစ်စရာကောင်းသည်ဟု ထင်သည်။

သူ ထိုကောင်လေးရဲ့ အစိတ်အပိုင်းတစ်ခုပြီး တစ်ခုကို သေချာစွာ လိုက်ကြည့်နေတုန်း

"ဟို...ဒီက အကိုကို ကျတော် တောင်းပန်ပါတယ် ဟိုလေ အလျင်လိုနေတော့ လွတ်လောက်မယ် ထင်ပြီး ဖြတ်ပြေးလိုက်တာ ကျတော့် အမှားပါ"

နှာထိပ်ဖျားလေးပေါ် လျောကျနေသော  မျက်မှန်လေးကို ပင့်တင်ကာ ထိုကောင်လေးကပြောသည်။ ထို့နောက် ထိုကောင်လေး ထမယ်လုပ်တော့

"အာ့.."

ထိုကောင်လေး လဲကျမလိုဖြစ်တာနဲ့ သူလဲထိန်းပေးလိုက်ရာ သူ့ရင်ခွင်ထဲသို့ ထိုကောင်လေးဟာ ကျရောက်ခဲ့တယ်။ သူလဲ ထိုကောင်လေးရဲ့ သေးသွယ်လှတဲ့ ခါးလေးကနေ ကိုင်ကာ ထိန်းပေးလိုက်တယ်။

"ရရဲ့လား?"

"ဟုတ်..ရ..ရပါတယ် ခြေထောက်ခေါက်သွားတာထင်တယ်"

ထိန်းပေးထားတဲ့ ခါးသေးသေးလေးပေါ်က လက်ကို မသိမသာလေး တွန်းဖယ်ကာ ထိုကောင်လေးကဆိုတယ်။

Seungcheol ခုနက ဒေါသဖြစ်နေတာတွေတောင် ဘယ်ပျောက်သွားမှန်းမသိ ဒီကောင်လေးကို မြင်ပြီးတော့ သူ့စိတ်ထဲ အေးချမ်းသွားသလိုလိုပင်။

𝐎𝐔𝐑𝐒  (Hiphop Unit × Wonwoo)Where stories live. Discover now