(Unicode)
အကယ်၍ ငါသာအရင်ဖွင့်ပြောလိုက်မယ်ဆိုရင်
အခုချိန်ငါတို့နှစ်ယောက် တူတူရှိနေကြမယ်မဟုတ်လား*" ကိုကို "
ဂျယ်မင်းခေါ်သံကြောင့်မင်ဟျောင်းနဲ့အတူဂျဲနိုကလှမ်းကြည့်လိုက်တယ်။
" ဒီမှာ လက်ထိလာတယ် "
" ဘာလို့ ဂရုမစိုက်ရတာလဲ ကလေးလေးရဲ့ "
မင်ဟျောင်းကဂျယ်မင်းရဲ့လက်ကိုသေချာလေးကိုင်ပြီး
အနာကိုကြည့်နေခဲ့တယ်။တခြားသူအတွက်ဆိုဒါသာမန်
ရည်းစားအတွဲတွေဆိုပြီးကြည်နူးစရာကောင်းမှာပေါ့။" မင်း အဆင်ပြေရဲ့လား " ဟယ်ချန်းက ဂျဲနိုရဲ့အကြောင်း
သိသူမလို့ဘေးနားကမေးလာခဲ့တယ်။ ဂျဲနိုက "အင်း"လို့ဘဲ
ဖြေပြီးပြုံးပြလိုက်တယ်။ အမှန်တကယ်တော့ အဆင်မပြေခဲ့ဘူးမလား။ဂျယ်မင်းနဲ့မင်ဟျောင်းတွဲတာအခုဆိုနှစ်နှစ်ပြည့်တော့မယ်။
ဂျဲနိုက သူ့ကိုယ်သူ နေသားကျနေပြီထင်ပင်မဲ့လည်း
သူတို့နှစ်ယောက်ကိုမြင်တိုင်းရင်ဘတ်တွေအောင့်နေတုန်း၊
ကွယ်ရာမှာလည်းအမြဲတမ်းတစ်ယောက်တည်း
တိတ်တိတ်လေးငိုနေတုန်း။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင်အချိန်တွေကိုပြန်စဉ်းစားရင်။" ဂျဲနို အဲ့မုန့်ငါ့ကိုပြန်ပေးလို့ "
"လိုက်လုလေ" ဂျဲနိုက ရှေ့ကနေ ဟယ်ချန်းမမှီအောင်
ပြေးနေပြီး ဟယ်ချန်းကလည်းသူ့မုန့်ကိုပြန်လိုက်လုနေတဲ့အချိန်၊မင်ဟျောင်းနဲ့ ဂျယ်မင်းကတော့ နောက်ကနေ သူတို့
နှစ်ယောက်ကိုပြုံးပြီးကြည့်နေခဲ့တယ်။အရမ်းပျော်စရာကောင်းခဲ့တဲ့အချိန်။
မင်ဟျောင်း၊ဂျဲနို၊ဂျယ်မင်း၊ဟယ်ချန်း
သူငယ်ချင်းလေးယောက်၊ ကျောင်းရဲ့ F4 လို့ခေါ်ခံရပြီး
လေးယောက်က အမြဲပူးနေတတ်လို့ ညီအကိုတွေလို့တောင်
ထင်ခဲ့ရတဲ့လေးယောက်။အထက်တန်းနောက်ဆုံးနှစ်။ ဂျယ်မင်းနဲ့ ဂျဲနိုက အရင်းနှီးဆုံး
ဖြစ်ပြီးအခန်းထဲမှာလည်းတူတူထိုင်ပြီး အိမ်ကလည်း
နှစ်လမ်းဘဲခြားတာ။ ကျောင်းသွားကျောင်းပြန်တူတူရှိပြီး
တစ်ယောက်ကိုတစ်ယောက်အရမ်းမှီခိုပြီးနေတဲ့သူ
နှစ်ယောက်။