"At The End"

171 20 0
                                    

(Unicode)

" အားး Shitt ခေါင်းကိုက်လိုက်တာ "

ဂျဲနိုကအိပ်ယာနိုးနိုးချင်းအပေါ်ပိုင်းဗလာဖြစ်နေတဲ့သူ့ရဲ့
ခန္ဓာကိုယ်ပေါ် ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်ဝတ်လိုက်သည်။ သူ့ကုတင်ဘေးမှာရှိတဲ့ ခုံပေါ်ကဖုန်းကိုယူကြည့်
လိုက်သည်။ ပုံမှန်တိုင်းစာအများကြီးဝင်နေတဲ့သူ့ရဲ့
Kakao Talk Notifications တွေကိုကြည့်လိုက်ပြီး
တစ်ချက်ပြုံးလိုက်သည်။

~ ဒီနေ့ တွေ့ကြမှာလား ?
~ No ငါမအားလို့ နောက်မှ

ဂျဲနိုအခုစာပြန်နေတဲ့သူက တခြားသူမဟုတ်။
သူ့ရဲ့ ရည်းစားဖြစ်သူကို။ ဂျဲနိုကကျောင်းမှာဆိုတော်တော်
နာမည်ကြီးသည်။ သူဌေးသားလည်းဖြစ်တဲ့အပြင်
စာကလည်း အတော်အသင့်လောက်တော်တာကြောင့်ပင်။

" အီဂျဲနို !!! မင်းနာယောင်းဆီမသွားဘူးလား "

ဂျဲနိုကခေါင်းခါပြလ်ိုက်ပြီး ကျောင်းအခန်းထဲဝင်ပြီး
မှောက်အိပ်နေလိုက်သည်။ နာယောင်းဆိုတာလည်းသူ့ရဲ့
ရည်းစား။ ဂျဲနိုက ရှုပ်ပွေတယ်လို့သတင်းခဏခဏထွက်
ထားတဲ့သူတစ်ယောက်။ ကျောင်းရဲ့ တကယ် Play Boy
အကြီးစားတစ်ယောက်ပင်။

ဂျဲနိုထားခဲ့တဲ့ရည်းစားအရေအတွက်ကသူ့အသက်ထက်
တောင်များနေလောက်ပြီ ...။ ကျန်တဲ့သူတွေနဲ့တွေ့ရင်
တစ်ပတ်လောက်နဲ့ပြတ်တဲ့ဂျဲနိုက အခု နာယောင်းနဲ့ကျ
တွဲတာ တစ်နှစ်လောက်ရှိပြီဆိုတော့ ဂျဲနို နာယောင်းကို
ချစ်နေမိပြီဘဲလို့ထင်နေကြသည်။ နာယောင်းကလည်း
ကျောင်းမှာ အတော်ချောပြီး လှတဲ့ကောင်မလေးကိုးးး။

" Shitt တိုက်မိကုန်ပြီလေ "

ဂျဲနိုရဲ့ သူငယ်ချင်းက ဂျဲနိုကိုတွန်းပြီးစလိုက်တာကြောင့်
အခန်းထဲကကောင်လေးတစ်ယောက်ကိုတိုက်မိသွားသည်။
ဂျဲနိုကလည်း တောင်းပန်တဲ့လူစားမျိုးမဟုတ်တော့
ဂျဲနို သူငယ်ချင်းက ကြားကနေပြီး "ဆောရီးပါ" လို့
ပြောလိုက်ပင်မဲ့ တစ်ဖက်ကောင်လေးကဂျဲနိုကိုဘဲသေချာ
ကြည့်နေခဲ့သည်။

ထိုကောင်လေးက ဘာမှမပြောတော့ဘဲဂျဲနိုရဲ့ပခုံးကိုပြန်
တိုက်ပြီးအပြင်ထွက်သွားတာကြောင့် ဂျဲနိုက တစ်ချက်ပြုံး
လိုက်သည်။ " ောက်ရမ်းဆရာကြီးပုံလို လုပ်နေတာဘဲ "

You've reached the end of published parts.

⏰ Last updated: Sep 28 ⏰

Add this story to your Library to get notified about new parts!

Nomin Oneshot Collection Where stories live. Discover now