"Divorce"

144 17 0
                                    

(Unicode)

"ဘာလို့နောက်ကလိုက်လာတာလဲ၊လိုက်မလာနဲ့"

"ကိုကို့ကိုစိတ်မဆိုးပါနဲ့ ကိုကိုအမှားလုပ်မိပါတယ်"

"မဆိုးဘူးမလို့ အဲ့လက်ကလွှတ်"
နောက်ကနေတင်းတင်းကြပ်ကြပ်ကိုင်ထားတဲ့လက်တွေကို
လွှတ်ပေးလိုက်တယ်။

"အဲ့တိုင်းဘဲစိတ်ဘဲကောက်နေတယ်"

"ဘယ်သူကြောင့်လဲ၊ဘယ်သူကြောင့်လဲလို့စိတ်ဆိုးနေတာ"

"ဘယ်သူကြောင့်လဲ"

"တကယ်မျက်နှာပြောင်တိုက်တတ်တဲ့အီဂျဲနိုဘဲ"

"အတည်မေးနေတာလေ တကယ်မသိဘူး နာ့နာ့ဘာကို
စိတ်ဆိုးနေတာလဲ ကိုကိုအခုထိကိုမသိဘူးလို့ "

"ပြောမှသိတာမျိုး မုန်းတယ်ဆိုတာမသိဘူးထင်တယ်၊
တွဲလာတာဖြင့်လေးနှစ်လောက်ရှိနေပြီကို အခုထိ
မသိဘူးတဲ့ တကယ်မသိဘူးလား ပြော "

" ကိုကိုက နတ်မှမဟုတ်ဘဲ အလိုလိုသိနေရအောင်"

"အီဂျဲနို ထွက်သွားတော့အခု လမ်းခွဲကြမယ် အိမ်ပေါ်
ကနေဆင်းသွားတော့ "ဘာအပြစ်လုပ်ထားတာမသိဘဲ
အိမ်ကနေမောင်းချခံလိုက်ရတဲ့အီဂျဲနိုပါ။

အမှန်တော့ဂျယ်မင်းဘာကိုစိတ်ဆိုးနေလဲသူတကယ်
မသိတော့ဘူး။ သူလည်းအကုန်အလိုလိုက်နေတာဘဲလေ
အဲ့တာကိုဘာတွေအဲ့လောက်စိတ်ဆိုးနေလဲမစဉ်းစား
တတ်တော့ဘူး။

" နာ့နာ့ တံခါးဖွင့် ကိုကိုတို့ တူတူထပ်ဆွေးနွေးကြမယ်"

" မဖွင့်ပေးနိုင်ဘူး"

" နောက်ဆုံးတစ်ခေါက်ဘဲမေးမယ်နော်ဖွင့်မှာလားမဖွင့်
ပေးရင်တကယ်အိမ်ပေါ်ကဆင်းပြီး ပြီးမှ တစ်ခုခုလိုမှ
ကိုကိုဆိုရင်တာ့တာဘဲနော်"

" ဟင်းဟင်း သွားပေါ့ ပိုတောင်ပြတ်သားသေးတယ်
ပြန်မလာတော့လည်းနားအေးသက်သာတာပေါ့ "

" အိုခေလေ တံခါးတော့ ခဏဖွင့်ပေး "

" ရူးနေလား ? "

" ငါပိုင်တဲ့ပစ္စည်းတွေယူသွားမယ် ဖွင့်ပေး"

" အိုခေလေ တစ်ခါတည်း ပစ္စည်းတွေယူပြီးအိမ်ပေါ်က
ဆင်းသွားတော့လည်းကောင်းတာပေါ့ " ဂျယ်မင်းက
တံခါးဖွင့်ပေးလိုက်တော့ ဂျဲနိုက အိပ်ခန်းထဲကသူ့
အင်္ကျီတွေ သူ့ပစ္စည်းတွေကို အိတ်တစ်အိတ်ထဲစုထည့်
နေသည်။

Nomin Oneshot Collection Where stories live. Discover now