"Love in Paris"

198 17 0
                                    

(Unicode)

2013 August 13th

အလယ်တန်းကျောင်းသားဖြစ်တဲ့ဂျယ်မင်းရဲ့မွေးနေ့မလို့
အခန်းထဲကကျောင်းသားအားလုံးကိုဂျယ်မင်းအိမ်ကို
ဖိတ်ထားတယ်။

ဂျယ်မင်းရဲ့အိမ်က ပုံမှန်ထက်ကျယ်လို့ ကျောင်းသားတွေ
လည်းလွတ်လွတ်လပ်လပ်ကစားနေလို့ရတာရယ်၊
အိမ်မှာသားကလည်းတစ်ယောက်တည်းပါတာမလို့
နည်းနည်းစည်းကမ်းတင်းကြပ်တာကြောင့် အပြင်ကဆိုင်မှာ
မလုပ်ပေးဘဲ အိမ်ရဲ့ရှေ့ဘက်ကခြံမှာဘဲ လုပ်ပေးကြတယ်။

ဂျယ်မင်းကပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး လူများရင်
ပျော်တဲ့သူမလို့တစ်ခန်းလုံးကိုသူ့ရဲ့မွေးနေ့ကိုဖိတ်ထားတယ်၊
ဟယ်ချန်းကတော့သူငယ်ချင်းအရင်းမလို့ မွေးနေ့
ရှေ့တစ်ရက်ကတည်းက အိမ်မှာလာအိပ်ပေးတယ်။

" ဂျယ်မင်း မင်းတစ်ခန်းလုံးဖိတ်ထားတော့ဘယ်သူတွေ
လာမယ်မှန်းသိလို့လား "

" နာမည်တော့အကုန်မသိပင်မဲ့ မြင်ရင်တော့သိတာပေါ့ "

" တော်ကြာ တခြားအခန်းကလူတွေကော ပါလာရင် .. "

" ရပါတယ်ကွာသူတို့လည်းစားရတာပေါ့ကွ"

"အေးပေါ့ သူဌေးသားဆိုတော့လည်း"

" လေမရှည်နဲ့တော့ ခဏနေလာကြတော့မှာ "

ဟယ်ချန်းနဲ့သူနဲ့က အိမ်ရှေ့မှာစောင့်နေကြတယ်၊
၁နာရီလောက်တော့ ကောင်လေးတွေတော်တော်များများ
ရောက်လာကြတယ်၊ အခန်းထဲမှာ အလွန်ဆုံး ၂၀ လောက်ဘဲ
ရှိပင်မဲ့ ထင်ထားတာတဲ့လူများနေတာတော့ နည်းနည်းတော့
ရိပ်မိခဲ့တယ်။

ဟယ်ချန်းပြောသလိုတခြားအခန်းကလူတွေပါလာပြီတော့
ထင်လိုက်ပင်မဲ့မွေးနေ့မှာလူစည်တာပေါ့ဆိုပြီးထားလိုက်ပြီးအကုန်လုံးကိုဘူဖေးစနစ်နဲ့ကျွေးခဲ့တယ်။

အကုန်လုံးကဂျယ်မင်းရဲ့ ရှေ့ခြံထဲမှာကစားကြတယ်၊
ဂျယ်မင်းနဲ့ဟယ်ချန်းကတော့ စက်ဘီးတစ်စီးနဲ့တိုင်ပတ်လို့၊

Nomin Oneshot Collection Where stories live. Discover now