(Unicode)
" ခင်များ ကျွန်တော့်ကိုအေးဆေးပေးနေလို့မရဘူးလား "
" အဖြေတောင်းတာပြန်ပေးရင် အေးဆေးနေပေးမယ် "
" အဖြေကမချစ်ပါဘူးဆို ဒီထက်ရှင်းတာမရှိတော့ဘူး "
" အဲ့တာကိုယ်လိုချင်တဲ့အဖြေမဟုတ်ဘူးလေ "
" ကြည့်ရတာ ခင်များ ရူးနေပြီထင်တယ် "
" အွန်းး မင်းကြောင့်အရမ်းရူးနေပြီ "
တကယ်ကိုအေးဆေးပေးမနေတဲ့လူကြီး။
ဂျယ်မင်းကိုဂျဲနိုကတွေ့ဆုံပွဲတစ်ခုမှာတွေ့ခဲ့တာပင်။
တွေ့ဆုံပွဲဆိုတာကလည်းဂျယ်မင်းတို့ကတက္ကသိုလ်မှာ
ကျောင်းသားသစ်မိတ်ဆက်ပွဲ။ဂျဲနိုတို့က Company ကပွဲတစ်ခု။လုံးဝကိုမနီးစပ်တဲ့အရာနှစ်ခု၊အသက်ကလည်း
၅နှစ်လောက်ကွာနေတာ၊အဲ့တာကိုဖူးစာတဲ့၊ ယုံစရာလား!" ဂျယ်မင်းရော့! မင်းကိုပေးခိုင်းလိုက်တာ "
" ဘယ်သူကလဲ "
" ဘယ်သူရှိသေးလဲ၊ မင်းရဲ့လူပေါ့ "
" ဟာပြန်ပေးလိုက် "
ဂျဲနိုက ငယ်ငယ်လေးနဲ့ အရမ်းချမ်းသာပြီး တကယ်ကို
ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ သူဌေးစစ်စစ်။ အခုလည်း
ဂျယ်မင်းအတွက်တဲ့ Gucci တစ်ဆိုင်လုံးမချလာလားထင်
ရတယ်။" ယူလိုက်ပါကွာ အားနာစရာကြီး "
" အားနာရင်အစကတည်းကဘာလို့လက်ခံလာလဲ "
" အမ် အဲ့တာ အဲ့တာက "
" အမှန်တိုင်း အီဟယ်ချန်း "
" သူငယ်ချင်းရယ်မင်းကိုအသုံးချတာမဟုတ်ပင်မဲ့သူက မင်းကိုဒါပေးပေးရင် ငါ့ကိုမုန့် ၃လစာ Free ကျွေးမယ်ဆိုလို့ "
" ဘာာာာာ " တကယ်ကိုသူငယ်ချင်းနဲ့မုန့်ဆို မုန့်ကိုရွေးမဲ့
သူမျိုး။ " မင်းတကယ်နော် ငါ့ကိုရောင်းစားနေတာ "" မဟုတ်တာ ကူညီတာပါ "
" ဘာကူညီတာလဲဝမ်သိန်း၃၀နဲ့ငါ့ဖုန်းနံပါတ်ကိုရောင်းစားတာကကူညီတာပေါ့ "
" မင်းအဲ့တုန်းကငါဝယ်ကျွေးတာမင်းလည်းစားတယ်လေ "