"Green Flag"

173 13 2
                                    

(Unicode)

" ဟန်နီ ကိုကိုတို့ပြန်အဆင်ပြေကြရအောင်လေနော် "

အမြဲတမ်းလိုလိုတော့အဆင်ပြေတဲ့ဆက်ဆံရေးဆိုပင်မဲ့
သူ့ဘက်ကမဖောက်ရင်တော့ပိုအဆင်ပြေမဲ့ဆက်ဆံရေး
မျိုးပေါ့။

ဂျယ်မင်းနီးနဲ့ဂျဲနိုနဲ့က တစ်ရုံးတည်းပင်။ Department
တော့မတူပင်မဲ့အမြဲတမ်းရုံးနားရင်တော့ဂျဲနိုကဂျယ်မင်း
ဆီသွားနေကြ။ဂျယ်မင်းကဂျဲနို့ထက်အလုပ်ဝင်တာတော်တော်နောက်ကျသည်။အသက်အရွယ်ကလည်းကွာ
တာကိုး။ဂျယ်မင်းကရောက်လာကတည်းကတကယ်ကို
တစ်ရုံးလုံးသူ့ကိုချစ်ကြသည်။သူအလုပ်Stress တွေကြောင့်တစ်ခါတစ်လေငိုရင်တောင်တစ်ရုံးလုံးကဝိုင်းချော့ရတဲ့
ကလေးပေါ့။

ဇာတ်လမ်းစတာကလည်းကျွန်တော့်ကြောင့်ဆိုပင်မဲ့
ဂျဲနိုလိုအလံစိမ်းကြီးနဲ့ဆုံမယ်တော့မထင်ထားဘူးပေါ့။

ဂျဲနိုက ရုံးမှာဆိုအရမ်းငြိမ်တဲ့သူ။
အမြဲတမ်းဂျဲနိုရဲ့ Department ကိုသွားပြီးဖိုင်တွေ
တောင်းသလို မုန့်ဘဲလာစားသလိုလိုနဲ့သွားပြီးဂျဲနိုကို
သွားပြီး Flirt ရတာက သူ့အတွက်ပျော်စရာဘဲလေ။

စစချင်းဂျဲနိုကတော့သိပ်ပြီးစိတ်ဝင်စားမှုမပြပင်မဲ့
ကြာလာတော့ သူ့ရဲ့ အယ်ဂယိုတွေအောက်မှာနစ်မြောရ
တော့တာပါဘဲ။ ဂျဲနိုကရုံးမှာဆိုတကယ်ကိုအချောဆုံး
လို့ပြောရလောက်တယ်၊ရာထူးကလည်းနည်းနည်း
မြင့်တော့ တစ်ရုံးလုံးမှာတော်တော်နာမည်ကြီးတယ်။

" အကိုဂျဲနိုရဲ့ Department ကအမတွေကိုကြည့်မရပါဘူး"

" ဟင်ဘာလို့လဲ "

" ဒီတိုင်း၊အမြင်ကပ်လို့ အတင်းလိုက်ကပ်နေတာ "

" သဝန်တိုတယ်ပေါ့? "ခေါင်းညိတ်ပြလိုက်တော့
သူ့ကိုပြုံးပြပြီး

" မင်းအကို့ ရည်းစားလုပ်မလား "
ရည်းစားစကားပြောခံရမယ်ဆိုတာတော့သိပင်မဲ့အခုလို
အချိန်ပြောမယ်တော့မထင်မိဘူး၊ပြောတဲ့နေရာကလည်း
ရုံးသန့်စင်ခန်းလေ။ နေရာကိုကြည့် ဘယ်နားမှ
Romantic ဆန်မနေဘူး။

Nomin Oneshot Collection Where stories live. Discover now