"တော်တော့လေ ရိပေါ်"
"မတော်ပါဘူး! ဒီနေ့ အမူးသောက်မှာ ဟုတ်တယ်နော် သူငယ်ချင်းယောက်ဖ!"
"အေးကွာ အေး သောက်! အမူးသောက်! အမှောက်သာသောက်! ဟုတ်ပြီလား"
ကျိရန်ကတော့ အမူးသမားသဘောကျပြောပေးရင်း အစားအသောက်ဆီကိုသာ ဦးတည်ချက်ပြောင်းသွားတော့သည်။
KTV ရောက်တည်းက သီချင်းမဆိုပဲ တစ်ခွက်ပြီး တစ်ခွက်သောက်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်လို့ ဟိုက်ခွမ်းကောက ခေါင်းခါကာ TV ရှိရာဆီကိုပဲ မျက်နှာလှည့်နေလိုက်တာ အချိန်အတော်ကြာပြီရယ်။
"ခွမ်းကော! ချန်ကောရော"
"အာ သူ့သူငယ်ချင်းလာမယ်ဆိုလို့ ထွက်ခေါ်နေတယ်"
"ကျန့်ကောလား?"
ကျိရန်ရဲ့အမေးကိုပြန်ဖြေလိုက်တဲ့ ဟိုက်ခွမ်းကို စ,ထိုင်တည်းကသောက်နေတဲ့ ငမူးက ဒါကျတော့ ကြားပြီး ဝင်မေးသေးတာ။
"အင်း ချန်ချန်မှာ သူငယ်ချင်းဆိုလို့ မင်းကောပဲရှိတဲ့ဟာ"
"ကျနော့ကော မဟုတ်ဘူး!"
"ဪ အေး!"
"မင်း သေချာလို့လား? အရင်တုန်းကတော့ ကောကလွဲရင် ဖွဲနဲ့ဇကွဲပါဆို"
"ဟောက်ရွှမ်း!!"
ဟိုက်ခွမ်းကောက အမူးသမားသဘောကျပြောပေးလိုက်သော်လဲ အစတည်းက ရန်ဖြစ်ဖော်ဖြစ်တဲ့ ဟောက်ရွှမ်းရဲ့ စကားနာထိုးမှု့ကြောင့် အသံတွေက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး တခန..
"ကော!"
"ချန်ချန်! ရှောင်းကျန့်လဲ ပါလာတာပဲ လာလာ!"
ဒီနေ့က ဝမ်ဟိုက်ခွမ်းနဲ့ကျန်းချန်ရဲ့မင်္ဂလာဆောင်တဲ့နေ့။ဒါကြောင့် ညီအကိုတွေအကုန်စုလို့ KTV မှာ dinner လာကျင်းပကြတာ။တကယ်က ဟိုတယ်စားသောက်ခန်းမှာပဲ စားသောက်ကျမယ်စီစဉ်ပြီးကာမှ ဂျပန်ကပြန်ရောက်လာတဲ့ အငယ်ဆုံးလေးဝမ်ရိပေါ်ရဲ့ သီချင်းဆိုပါမယ်ဆိုတဲ့ အလိုတော်အတိုင်း ဟိုတယ်က KTV ကို ရောက်လာကျရတာ။ဒီရောက်တော့လဲ သီချင်းမဆိုပဲ တစ်ခွက်ပြီးတစ်ခွက်သောက်လို့ ချောင်မှာကပ်ထိုင်နေပြီး ဘယ်သူ့ကိုမှ ဘာစကားမှမပြောတဲ့သူက..သူ့ဟာကြီးရောက်လာတော့မှ..
YOU ARE READING
အ ဆက် ဟောင်း (Complete)
Fanfictionအဆက်ဟောင်းဆိုတာ ... ကိုယ့်ဆီ ပြန်လာဖို့မသေချာတော့ပေမယ့် သူ့အကြောင်းတွေးမိလိုက်ရင်ကို တမြေ့မြေ့ကျွမ်းလောင်စေပြီး တရစ်ရစ်နှောင်တွယ်တတ်တဲ့ သူမျိုး (28.8.2024)