OF -6

122 5 1
                                    

"ကော ကျောင်းသွားမလို့လား?"

အိပ်ယာကနိုးတာနဲ့ ဘေးနားမှာအပြင်သွားဖို့ အကုန်ပြင်ဆင်ပြီးနေတဲ့ ကောကို ကြည့်ကာ မေးလိုက်မိတော့..

"အင်း ပျက်တာများနေပြီလေ ဒီနေ့တော့ သွားမှဖြစ်မှာ"

"ကျွန်တော် လိုက်ပို့မယ်"

အိပ်ယာကအသဲအသန်ကောက်ထလို့ ရေချိုးခန်းထဲဝင်မလို့ပြင်ခါမှ..

"ဟင့်အင်း လိုက်မပို့နဲ့"

"ဘာလို့လဲ? ကျွန်တော့်ကို စိတ်ဆိုးနေတုန်း..

"မဟုတ်ဘူး မဆိုးပါဘူး လောင်ဝမ် ပြင်နေတာနဲ့ ကော နောက်ကျနေမှာ မစောင့်တော့ဘူးနော် ကော သွားတော့မယ်!"

"ကော ကော!"

ခေါ်နေတာတောင်အရေးမစိုက်ပဲ အခန်းထဲက‌ အပြေးထွက်သွားသူကြောင့် ရိပေါ်ဝရန်တာကိုပြေးထွက်လိုက်ကာ..

"ကော!! အိမ်က ကားနဲ့သွား.."

စကားတောင်မဆုံးလိုက်ဘူး ခြေတံရှည်ကြီးက ခြံတံခါးနားတောင်ရောက်လို့နေပြီ။ဟူးးး ဖျားနေတဲ့ နှစ်ရက်လုံး သေချာချော့နေခဲ့ပေမယ့်လဲ စိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။

"တာ့တာ ကို"

ရင်းနှီးနေတဲ့အသံမဟုတ်ပေမယ့် ကြားဖူးနေကျအသံဖြစ်နေတဲ့အပြင် ကိုယ့်ရှေ့မှာမို့ အမှတ်မထင်လှည့်ကြည့်မိလိုက်တော့ ယွဲ့ယွင်။

"ဟာ ဆရာရှောင်း!"

လှမ်းလို့နှုတ်ဆက်နေတာမို့ ခေါင်းညိမ့်ပြအသိမှတ်ပြုလိုက်တော့..

"မိတ်ဆက်ပေးရဦးမယ် ဒါက ကျွန်တော့်အမျိုးသား..

ကားဘေးနားရပ်နေသူကို လက်ညွှန်ပြလို့ မိတ်ဆက်ပေးမယ်ကြံခါရှိသေး..

"အရှက်ကင်းမဲ့လိုက်ပုံများဟယ်! လာ လာ ဆရာရှောင်း"

ယွဲ့ယွင်ဆိုတာက အရမ်းကြီးရင်းနှီးမနေခဲ့ပေမယ့် သူနဲ့ကိုယ်က အလုပ်ဝင်တုန်းက ရှေ့ဆင့်နောက်ဆင့်ဖြစ်သလို သင်ရတဲ့အတန်းတွေကလဲတော်တော်များများ တူနေတာမို့ မျက်မှန်းတန်းမိနေသည်။ဒါ‌ကြောင့် သူ့အမျိုးသားဖြစ်သူနဲ့မိတ်ဆက်‌ပေးမလို့ထင်ပါရဲ့ဒါကို သူနဲ့တစ်ခန်းထဲထိုင်တဲ့ ကျောက်မိန်ကတွေ့ပြီး အတင်းကာရော လက်ကိုဆွဲခေါ်လာတာမို့..

အ ဆက် ဟောင်း (Complete)Where stories live. Discover now