OF -2

178 10 1
                                    

"လောင်ဝမ် အွန့် အင့်!"

အခန်းတံခါးဖွင့်ပြီးတာနဲ့ နံရံမှာဆွဲကပ်လို့ အနမ်း တွေကို နက်နက်ရှိုင်းရှိုင်းပုံဖော်နေသူကြောင့် ရှောင်းကျန့်မှာ လက်သီးကိုတင်းနေအောင်ဆုတ်ထားရုံကလွဲပြီး ဘာမှလဲပြန်မလုပ်တတ်။

"ပြန်နမ်းလေ"

"အင်"

နှုတ်ခမ်းတွေဆီကခွာသွားပေမယ့် ခါးကိုဖက်ထားဆဲလက်တွေက မဖယ်သေးတာမို့ နှစ်ယောက်သားက နီးနီးကပ်ကပ်။

မော့ကြည့်လာတဲ့ မျက်ဝန်းတွေကို စေ့စေ့စပ်စပ်ပြန်စိုက်ကြည့်လိုက်ရင်း..

"ပြန်နမ်း..လို့"

"မ..မနမ်းတတ်..ဘူး"

"ဟာ့...ကောရာ"

ဟင်းးး
နှုတ်ခမ်းကိုတခြမ်းစောင်းလို့ ပြုံးလိုက်ရင်း စောနကနမ်းထားလို့ စိုရွှဲနေတဲ့ နှုတ်ခမ်းလေးကို လက်မနဲ့အသာဖိဆွဲပွတ်လိုက်တယ်။

"ရိုးလိုက်တာ ကောရာ"

ခနဲ့တဲ့တဲ့စကားလို့ ထင်ကောင်းထင်နိုင်ပေမယ့် သူပြောတာ အဲ့လိုအဓိပ္ပာယ်မျိုးလုံးဝမပါဝင်ပဲ ချစ်ရသူရဲ့ ရိုးသားမှု့ကို အသိအမှတ်ပြုလိုက်ခြင်းသာဖြစ်သည်။

"ပြောပါဦး ကျနော့်ကို ထားခဲ့ရတဲ့ အကြောင်းလေး"

"အဲ့..အဲ့ဒါက ..လွှတ်ဦးလေ..လောင်ဝမ်"

"ဒီတိုင်း ပြောလေ"

"ဒီလိုကြီးက အဆင်မပြေဘူး"

ဖြေရှင်းချက်သာတောင်းနေတာ ခါးကိုဖက်ပြီး လူကိုခုထိ နံရံမှာကပ်ထားဆဲမို့ ရှောင်းကျန့်အနည်းငယ်ရုန်းလို့ နှုတ်ကလဲ ဒီအနေအထားကို မကြိုက်ကြောင်းထုတ်ပြောလိုက်မိတယ်။

"ဒါဆို ကုတင်ပေါ်မှာ လှဲရင်းပြောကျမလား?"

"လောင်ဝမ်!!"

"Ok Ok"

အနည်းငယ်အော်လိုက်တော့မှ ကြည်ကြည်ဖြူဖြူခေါင်းညိမ့်ပြကာ ဆက်တီတွေရှိတဲ့နေရာဆီ ရောက်ရတော့တယ်။ဒါတောင် ခါးပေါ်ကလက်က ခုထိ မဖယ်သေး။

"လက်ဖယ်လေ!"

"ဟာ ပါးစပ်ကပြောမှာလေ လက်က ဘာဆိုင်လို့လဲ?"

အ ဆက် ဟောင်း (Complete)Where stories live. Discover now