ဒေါက် ဒေါက်
"ဝင်ခဲ့ပါ""နေ့ခင်း အစာပြေလာပို့တာပါ အကိုလေး"
"ထားခဲ့လိုက်နော်"
ညက စစ်လို့မပြီးတဲ့စာတွေ ဆက်စစ်နေသေးတာမို့ ခုံပေါ်တင်ကို အဖြေလွှာတွေကပွနေတာကြောင့် စာရွက်တွေကိုစီထပ်ကာ နေရာဖယ်ပေးလိုက်တော့ ချပေးလာတဲ့ဗန်းထဲမှာ ကိတ်လေးတွေက အစီအရီရယ်။
"လှလိုက်တာ"
"အကိုလေး နေ့လည်အစာပြေစားလို့ရအောင် သခင်လေး ဝယ်ထည့်ပေးထားတာပါ"
သူက ဘယ်အချိန်ကများဝယ်ထည့်ပေးထားပါလိမ့်ဆိုကာတွေးရင်း ရှောင်းကျန့် နှာခေါင်းတချက်ရှုံ့လိုက်မိကာ..
"ဪ အင်း"
ဗန်းကိုချကာထွက်သွားတဲ့ အိမ်ထိန်းကိုလိုက်ကြည့်နေပြီးမှ ကိတ်တွေဆီ အကြည့်ကိုပြန်ရွှေ့လိုက်ကာ ဖုန်းကိုကောက်ကိုင်လို့ ပုံလေးတပုံရိုက်လိုက်မိတယ်။
'စားကောင်းတယ် ကျေးဇူးပါ လောင်ဝမ်'မနက်တည်းကပြောချင်နေတဲ့စကားတစ်ခွန်းကို ပုံလေးနဲ့အတူ Ig မှာ ပို့လိုက်တော့..
'ကျေးဇူးတင်ရင် အာဘွားပေး'
ဘယ်အချိန်တည်းက လိုင်းပေါ်ရှိနေတယ်မသိတဲ့သူက ချက်ချင်းကို စာပြန်လာတော့တယ်။
YOU ARE READING
အ ဆက် ဟောင်း (Complete)
Fanfictionအဆက်ဟောင်းဆိုတာ ... ကိုယ့်ဆီ ပြန်လာဖို့မသေချာတော့ပေမယ့် သူ့အကြောင်းတွေးမိလိုက်ရင်ကို တမြေ့မြေ့ကျွမ်းလောင်စေပြီး တရစ်ရစ်နှောင်တွယ်တတ်တဲ့ သူမျိုး (28.8.2024)