OF -4

150 13 0
                                    

"ကျွန်တော် ကောကို လိုက်ရှာခဲ့သေးတယ် ဒါပေမယ့် ကောကလွဲရင် ဘာမှမသိတဲ့ ကျွန်တော့်အတွက်တော့ မတွေ့အောင်ပုန်းနေတဲ့သူကိုဘယ်လိုရှာလို့မှ မတွေ့ခဲ့ဘူး"

"ကော အဒေါ်ဝမ်းကွဲရှိတဲ့ နယ်ကို ခဏပြန်သွားခဲ့တာ"

"လက်ထပ်ရအောင် ကော"

"ဟမ်? အဟွတ် အဟွတ်"

ဆိုင်းမဆင့်ဘုံမဆင့် မနက်စာစားနေရင်းတန်းလန်းကြီးပြောလိုက်တဲ့စကားကြောင့် သောက်လက်စ ကော်ဖီတောင်သီးတယ်။

"ဆောတီး ဆောတီး အရမ်းလန့်သွားတာလား?"

"အဆက်အစပ်မရှိပြောတာလေ မလန့်ပဲနေမလား?"

"ညကတောင် အတူနေပြီးပြီပဲဟာ အဲ့တော့ လက်ထပ်မယ်ပြောတာ ဆန်းသလား ကောရာ"

"ညက မင်းလုပ်တာလေ!"

"အင်းလေ ကျွန်တော်လုပ်လို့ ကျွန်တော်တာဝန်ယူမယ်လို့ ပြောနေတာလေ"

"မဟုတ်..မဟုတ်ဘူးလေ ငါပြောတာက..

"ဘာမှမပြောနဲ့ ကောကို ကျွန်တော်လက်ထပ်မယ် ကျွန်တော်လုပ်ခဲ့တာ ကျွန်တော် တာဝန်ယူမယ်"

တကယ်က ဝိုင်ထဲသူဆေးခတ်လို့ ဒီအခြေ‌နေထိဖြစ်ရတာလို့ ပြောချင်တာ။ခုတော့ စကားက လိုရင်းမရောက်ပဲ သူလိုရာဆွဲပြောနေတဲ့ဟာလေးကြောင့်..

"အားးး ဝမ်ရိပေါ် ငါ့စကားလေးလဲ ဆုံးအောင်ပြောပါရစေဦး"

"ပြော! ပြော!"

အံမယ် သူကပဲ စိတ်မရှည်တဲ့လေသံကြီးနဲ့။

"အဲ့ဒါက ဘာဖြစ်တာလဲ?"

ဆူပုတ်ကောက်ချိတ်နေတဲ့ မျက်နှာဘေးနဲ့ထိုင်နေသူကြောင့် မေးလိုက်ပြန်တော့လဲ အကောင်းပြန်မဖြေ။

"ဘာမှ မဖြစ်ဘူး"

"အဲ့ဒါဆို ငါပြန်မယ်"

"ကော!"

"......."

"ကျွန်တော်မှားတယ် ကျွန်တော် တောင်းပန်ပါတယ်"

"ပြေပြေလည်လည် လုပ်!"

"........."

"လက်ထပ်မယ်ဆိုတာ လွယ်လွယ်မပြောနဲ့ လောင်ဝမ် လက်ထပ်တယ်ဆိုတာ နှစ်ဖက်မိသားစုပေါင်းစည်းကျတာ ကောတို့နှစ်ယောက်ထဲပေါင်းစည်းလို့မရဘူး ကောကတစ်ကောင်ကြွက်မို့ထားတော့ လောင်ဝမ့်မှာက မိဘဆွေမျိုးတွေရှိသေးတယ်လေ သူတို့တွေကရော လောင်ဝမ် ယောက်ျားတစ်ယောက်နဲ့လက်ထပ်မှာကို သဘောတူကျပါ့မလား ပြော!"

အ ဆက် ဟောင်း (Complete)Where stories live. Discover now