"လက်ထပ်ကျမယ်"
"ကော? ကော တကယ်ပြောနေတာလား?"
ဝမ်းသာအားရမေးနေတဲ့သူ့ကို ပြုံးလို့ကြည့်လိုက်ပြီးမှ..
"ဒါပေမယ့် လက်ထပ်ပွဲမလုပ်ဘူး ရုံးတက်ပြီးပဲ လက်မှတ်ထိုးမယ်"
"ဒါ.ကတော့..
"သဘောမတူဘူးလား?"
"ကျွန်တော့်မှာလဲ အသိပေးရမယ့်သူတွေရှိသေးတယ်လေ"
"ကောကတော့ ကြီးကြီးကျယ်ကျယ်မလုပ်ပဲ လက်မှတ်ထိုးပြီး အလှူလေးတစ်ခုလောက်ပဲလုပ်ချင်တာ"
"Dinner! dinner လောက်တော့ လုပ်မယ်လေ နော် ကော နော်!"
လက်မောင်းတစ်ဖက်ကို ကိုင်လှုပ်လို့ ကလေးလိုလိုချွဲနေတဲ့ ချွဲစိန်ကြောင့်..
"အင်း လူအများကြီးတော့ မဖိတ်နဲ့"
နှစ်ဦးနှစ်ဖက်ညှိနှိုင်းအဆင်ပြေပြီဆိုတာနဲ့ ရိပေါ်က လက်ထပ်ဖို့ကိုအချိန်မဆိုင်း အမြန်ဆောင်ရွက်တော့တယ်။
နောက်နှစ်ရက်အကြာမှာတော့ မနက်ပိုင်း သူတို့နှစ်ယောက်နေမယ့်အိမ်မှာ တရားသူကြီးခေါ်လက်မှတ်ထိုးပြီးတာနဲ့ ညပိုင်းမှာ ဒီခြံဝန်းထဲမှာပဲ လူ၃၀လောက်ကို dinner ပေးဖြစ်ခဲ့တယ်။သေချာပေါက် ရှောင်းကျန့်အသိုင်းအဝိုင်းက ဘယ်သူမှမပါဝင်ခဲ့ဘူးပေါ့။
ဝမ်ပါးနဲ့မားကတော့ သားဖြစ်သူရဲ့မင်္ဂလာပွဲကို ကြည့်ပြီး ကြည်ကြည်နူးနူးပြုံးလို့..တော်ပါသေးရဲ့ ရှောင်းကျန့် အကျဉ်းချုံ့ခဲ့တာကို ယောက္ခမတွေဖက်က ဘာမှစောဒကမတက်ကျလို့။
dinner မှာတစုံတစ်ယောက်မှ ကဲ့ရဲ့ဝေဖန်ရှုံ့ချတာမျိုးမရှိပဲ ဝမ်းပန်းတသာနဲ့ လက်ဆွဲနှုတ်ဆက်ပေးခဲ့ကျလို့ ရှောင်းကျန့် သူ့ရဲ့စိုးရိမ်စိတ်တွေများ များနေခဲ့တာလားဆိုပြီးတောင် သံသရဝင်မိခဲ့သေးတယ်။
"ဟန်းနီးမွန်း ဘယ်သွားချင်လဲ ကော"
"ဘယ်မှမသွားချင်ပါဘူး ကော ကလေးတွေ စာမေးပွဲနီးနေပြီ လောင်ဝမ်ရဲ့"
"အာ အဲ့လိုလား?"
မသိသလိုလေးမေးနေတဲ့သူကို အဝတ်တွေပြန် ခေါက်သိမ်းနေရင်းက ရှောင်းကျန့် ခေါင်းညိမ့်အဖြေပေးလိုက်မိတော့..
YOU ARE READING
အ ဆက် ဟောင်း (Complete)
Fanficအဆက်ဟောင်းဆိုတာ ... ကိုယ့်ဆီ ပြန်လာဖို့မသေချာတော့ပေမယ့် သူ့အကြောင်းတွေးမိလိုက်ရင်ကို တမြေ့မြေ့ကျွမ်းလောင်စေပြီး တရစ်ရစ်နှောင်တွယ်တတ်တဲ့ သူမျိုး (28.8.2024)