OF -8 (Final)

174 8 3
                                    

📱သားငယ် သားသား သတိရလာပြီ📱

ဒီနေ့မှ အလုပ်ကို ခွင့်ထပ်တင်မလို့ အိမ်ပြန်လာတုန်းရှိသေး ရေချိုးပြီးတာနဲ့ ဝမ်မားမားရဲ့ ဖုန်းထဲက ဝမ်းသာအားရအသံကြောင့် တွေ့ကရာဆွဲလွဲဝတ်လို့ ဆေးရုံကို အပြေးအလွှားထွက်လာခဲ့လိုက်တော့သည်။ဒါက ရိပေါ်‌သတိမေ့နေတဲ့ နှစ်လအတွင်းမှာ ပထမဦးဆုံကြားရတဲ့ မင်္ဂလာစကားပါပဲ။

"မား!"

"မြန်လိုက်တာ သားငယ်"

"ဝမ်လေးက အသေချာကြီးတော့နိုးမလာသေးပါဘူးကွာ လက်လေးလှုပ် မျက်ခွံလေးတွေလှုပ်လာတာကို မင်း မားက စိတ်လောပြီး ခေါ်လိုက်မိတာ ခုတော့ ဆရာဝန်တွေစမ်းသပ်နေကျတယ်"

"ဘာပဲဖြစ်ဖြစ် ခုလတွေအတွင်း ဒါက လောင်ဝမ်တိုးတက်လာတာပဲလေ ပါးရယ် မားလောတာ အပြစ်မဟုတ်ပါဘူး"

ဝမ်ပါးပါးရဲ့အပြစ်တင်သလိုအပြောကို မားဖက်က ရှောင်းကျန့်ကာပြောပေးလိုက်ရင်း အခန်းထဲကိုလဲ တံခါးဟကာချောင်းကြည့်လိုက်မိတယ်။

"လူနာရှင်‌တွေ ဝင်လို့ရပါပြီ"

နာ့စ်တစ်ယောက်ထွက်လာပြီး ခေါ်တာမို့ ရှောင်းကျန့်တို့ အခန်းထဲသွားလိုက်တော့..

"ကော::"

တိုးတိုးလေးခေါ်လိုက်သံလေးကြောင့် လူကထိတ်ခနဲ ဝမ်းသာသွားတာများ ရင်ဘတ်ထဲ ကုလားဘုရားလှည့်သွားသလိုပဲ။

"လောင်..လောင်ဝမ်"

"သားသား မား သားလေး မသေကောင်းမပျောက်ကောင်းကွယ်"

"သား ဝမ်လေး"

ဝမ်ပါးနဲ့မားက ရိပေါ်နားတိုးကပ်သွားပြီး ဖက်ကာငိုနေတာမို့ ရှောင်းကျန့် အလိုက်တသိ‌နောက်ဆုတ်နေပေးမိလိုက်သည်။မိဘတွေနဲ့ အလွမ်းသယ်ပါစေလေ။သူတို့လဲ ခုရက်ပိုင်းတွေပင်ပန်းခဲ့တယ်ဆိုတာ ရှောင်းကျန့်အသိဆုံးပဲဟာ။

ဝမ်ပါးဆို သူခိုင်းလို့ သူ့ကြောင့် ရိပေါ်ဒီလိုဖြစ်ရတယ်ဆိုပြီး ဆေးရုံလာရင်တောင် ဝင်မတွေ့ရဲတဲ့အဖြစ်။ဝမ်မားကလဲ ဝမ်ပါးကြောင့်ဖြစ်ရတယ်ဆိုပြီး လင်မယားကွဲမယ်ကွာမယ်ထိတောင်ဖြစ်ကျလို့ လူငယ်တွေ မနည်းကြားဝင်စေ့စပ်ပေးထားရတာရယ်။

You've reached the end of published parts.

⏰ Last updated: Aug 28 ⏰

Add this story to your Library to get notified about new parts!

အ ဆက် ဟောင်း (Complete)Where stories live. Discover now