အခန်း(၁) ငြင်းခွင့်မရှိတဲ့ တောင်းဆိုမှု
လူဆိုသည်မှာ ကံဆိုးစပြုလာသည်နှင့်အမျှ ကံဆိုးမှုတွေဟာ စပျစ်ပင်ပေါ်က စပျစ်သီးများကဲ့သို့ပင် အစည်းလိုက်အခိုင်လိုက်၊တစ်ခုပြီးတစ်ခု ကပ်လိုက်လာတတ်၏ ။
မန်နေဂျာ၀မ်ဖုန်တစ်ယောက် အလွန်အမင်းစိတ်သောကရောက်နေသည့်ဟန်ဖြင့် ကုဖန့်အိမ်သို့ဒုန်းဆိုင်းရောက်ရှိလာသည့်အချိန်တွင် -- ကုဖန့်မှာတော့ ဧည့်ခန်းထဲရှိလက်ဖက်ရည်စားပွဲရှေ့၌ထိုင်ကာ ညိုမည်းနေသောမျက်ကွင်းနှစ်စုံဖြင့် ဖုန်းကိုအလေးအနက်စိုက်ကြည့်နေ၏။
သူ၏နှစ်၀က်ကြာ ဖျော်ဖြေရေးပြဇာတ်ခရီးစဉ်သည် မနေ့ကပင်ပြီးဆုံးသွားပြီဖြစ်၍ သည်နှစ်အတွက် ပထမဆုံးအားလပ်ရက်ကို ၀မ်းသာအားရကြိုဆိုနေခြင်းဖြစ်၏။အကြောင်းမှာ သည်ပြဇာတ်ဖြင့် သူ့အတွက်နောက်ထပ်ဆုတစ်ခုထပ်ယူနိုင်မယ်လို့ မျှော်မှန်းထားသည့်အတွက် မင်းသားကုဟာ သည်နှစ်၀က်အတွင်း အားကြိုးမာန်တက်အလုပ်ကြိုးစားခဲ့ပြီး ကောင်းကောင်းပင်မအိပ်ခဲ့ရပေ။'သေတ္တာပိတ်တံဆိပ်နှိပ်'လို့ ဖျော်ဖြေရေးပြီးဆုံးသွားချိန်မှာတော့ သူမတ်တပ်ရပ်ရင်းပင် အိပ်နေနိုင်ပြီဖြစ်သည်။
(P.s.封箱:"သေတ္တာပိတ် တံဆိပ်နှိပ်ခြင်း"ဆိုတာက နှစ်တစ်နှစ်ရဲ့အဆုံးသတ်လတိုင်းမှာ ပြဇာတ်အဖွဲ့ကတစ်နှစ်တာလုံးရဲ့ နောက်ဆုံးပြဇာတ်ကိုဖျော်ဖြေရပါတယ်။အဲဒီဖျော်ဖြေပွဲအတွင်း ၀တ်ခဲ့တဲ့အ၀တ်အစားတွေကို သေတ္တာတစ်လုံးထဲထည့်ပြီး ဒီသေတ္တာထဲမှာ ကံကောင်းခြင်းတွေနဲ့ တံဆိပ်နှိပ်လိုက်ပြီဆိုတဲ့သဘောနဲ့ ကံကောင်းအောင်မှတ်စုရေးကြတဲ့ တရုတ်လူမျိုးတွေရဲ့ထုံးစံတစ်ခုကိုပြောတာပါ)
သူ၏မူလအစီအစဉ်မှာ အားလပ်ရက်စတင်သည့်အနေဖြင့် ယနေ့တစ်နေ့လုံး အိပ်ရေး၀၀အိပ်ရန်ဖြစ်သော်လည်း အိပ်ချိန်ငါးနာရီမျှမပြည့်သေးသည့်အချိန်မှာပင် ဒါရိုက်တာချန်ဆီမှ အရေးပေါ်အကူအညီလိုအပ်နေသည့်အော်သံနှင့်ဖုန်းကို ဇဝေဇဝါဖြင့်လက်ခံမိလိုက်၏။
YOU ARE READING
Xuan Er Bu Jue (MM translation)
Romance"နောက်တစ်ကြိမ် အစကပြန်စခဲ့တာတောင် ကိုယ်မင်းကိုချစ်မိနေတုန်းပဲ" ရှန်မင်ဖေး × ကုဖန့်