Part 3

153 30 4
                                    

အခန်း(၃)အတိတ်မေ့နေတဲ့ရည်းစားဟောင်း

သည်လောကထဲမှ နာမည်ကြီးမန်နေဂျာတစ်ယောက်ဖြစ်သူ ချီကျယ်ချန်သည် လွန်ခဲ့သည့်ခုနစ်နှစ်၊ရှန်မင်ဖေးအားတာ၀န်ယူခဲ့ချိန်မှစ၍ တစ်လျှောက်လုံး ဤထိပ်တန်းကြယ်ပွင့်ရှန်နှင့် အဆင်ပြေပြေ၊နားလည်မှုရှိစွာ ပူးပေါင်းလာခဲ့သည်မှာယနေ့အထိပင်ဖြစ်၏။

အကယ်၍ သူ့အား သည်တစ်ခေါက်ဘူးသီးထဲဘာဆေးလာရောင်းနေသနည်းဟု အမှန်တကယ်မေးခဲ့မည်ဆိုပါက သည်အခိုက်အတန့်တွင် သူပြန်ပြောမည်ကား——သူသည်လည်း သူ့ထံတွင်အမှန်တကယ်ဆေးရှိနေဖို့ မျှော်လင့်နေခဲ့တာပါဟူ၍။

အထူးသဖြင့် သူ့ဘေးမှာထိုင်နေသည့် ဤရှန်မျိုးရိုး၏ဦးနှောက်အား ပြုပြင်ပြောင်းလဲနိုင်မည့်ဆေးမျိူးပင်။

လွန်ခဲ့သည့်တစ်လခန့်က ရှန်မင်ဖေးရိုက်ကူးနေ‌ခဲ့သည့် 《ကန္တာရမြေ》ရုပ်ရှင်သည် ရိုက်ကူးရေးပြီးဆုံးသွားခဲ့၏။

သည်ရုပ်ရှင်သည် နာမည်အတိုင်းပင် အနောက်မြောက်ပိုင်းစွန့်ပစ်သဲကန္တာရတွင် အမှန်တကယ်သွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာတွင်ရိုက်ကူးခဲ့လဲဆိုတာ အခိုင်အမာပြောပြဖို့အင်မတန်ခက်၏။ချုံပြောရရင်ဖြင့် wifiလိုင်းပင်ဖမ်းမမိသော နေရာဖြစ်၏။

ရိုက်ကူးရေးပြီးသည့်ထိုညတွင် ရှန်မင်ဖေး၏အဖွဲ့သည် ရိုက်ကွင်းနေရာနှင့်အနီးဆုံးဖြစ်သည့် ရွာတစ်ခုသို့ ကားမောင်းပြန်ရန် ထိုရွာသို့ဦးတည်သည့် တစ်ခုတည်းသောလမ်းမပေါ်တွင် ခရီးနှင်ခဲ့၏။ထိုလမ်းသည် ခလုတ်ချိူင့်များဖြင့်သာပြည့်နေပြီး လမ်းတစ်လျှောက်လုံး ဆယ်မီတာနေမှတစ်ခါသာ‌လျှင် လမ်းမီးတိုင်တစ်ခု၊နှစ်ခုခန့် ခပ်ဝါးဝါးမြင်တွေ့ရသည်။

ဤသို့သော လမ်းမျိုးပေါ်တွင် ယာဉ်မတော်တဆမှုဖြတ်တတ်သည်မှာလည်း တကယ့်ကိုပင်ပုံမှန်ဖြစ်၏။

ရှန်မင်ဖေး၏ကားသည် အမူးသမားတစ်ယောက်မောင်းလာသည့် ပြုပြင်ထားသောလေးဘီးကားငယ်တစ်စီး၏နောက်မြှီးသို့ ၀င်တိုးမိကာ ကားနှစ်စီးအပြင်းအထန်တိုက်မိပြီး လမ်းတစ်လျှောက်လုံးလင်းထိန်သွားသည်အထိ မီးပွားများလွင့်စင်သွားခဲ့သည်။

Xuan Er Bu Jue (MM translation)Where stories live. Discover now