Part (30)

196 30 2
                                    



Unicode

စာကြည့်ဆောင်က စတင်ဆောက်လုပ်နေပြီဖြစ်တာကြောင့် ချန်ကီက များသောအားဖြင့် အချိန်များကို ဆောက်လုပ်ရေးလုပ်ငန်းချရာနေတွင် ကုန်ဆုံးနေလေသည်။ မနက်စောစော ချက်ပြုတ်ပြီးလျှင် ဂေဟာမှ ကလေးများက ရွာထဲက ကလေးများနှင့်အတူ စိုက်ခင်းထဲသို့ သွားလိုက်ကြသည်။ သူမကလည်း ညနေမှသာ ပြန်ရောက်ပြီး ကလေးများနှင့်အတူ ညစာစားရင်း နေ့တစ်နေ့ကို ကုန်ဆုံးလာခဲ့သည်။

ချန်ကီသည် စာကြည့်ဆောင်၏နံရံကို ပလာစတာကိုင် ၊ အချောသပ်သည်ကို ကူညီနေရင်း အလုပ်သမားတစ်ယောက်က သူမကို လာခေါ်သည်။

" မင်းကို နေ့လယ်စာလာပို့နေတယ် ၊ မနက်ကတည်းက မင်း တစ်ချက်မှ မနားသေးတာ ၊ လက်သမားခေါင်းဆောင်တောင် ပြောနေတယ်၊ နေ့လယ်စာစားပြီးရင် နားပါဦး "

အမှန်တကယ်လည်း ချန်ကီက အလုပ်ကြိုးစားလွန်းသူဖြစ်သည်။ သူမက အသေးစိတ်လေးက အစ ဂရုစိုက်လုပ်တတ်သည်။ များသောအားဖြင့် စက်မှုတက္ကသိုလ်မှ ကျောင်းသားများသည် ကိုယ့်ကိုယ့်ကို အထင်ကြီးလွန်းတာကြောင့် ထိုမှ ချန်ကီကိုလည်း ရွာမှလူများက အစက ယုံကြည်မှုနည်းခဲ့သည်။  မာသာပုလဲကြောင့်သာ ရွာသူကြီးက သူမကို စာကြည့်ဆောင်အတွက် အကူအညီတောင်းခဲ့ခြင်းဖြစ်သော်လည်း မထင်ထားရလောက်အောင် ချန်ကီက မောက်မာခြင်း မရှိဘဲ ကူညီလာခဲ့သည်။ ပွင့်လင်းတဲ့စိတ်ထားကြောင့် သူမက မကြာခင်မှာပင် အလုပ်သမားခေါင်းဆောင်ကြီးနှင့် ရင်းနှီးလာခဲ့သည်။

ထိုလက်သမားခေါင်းဆောင်သည် မာသာပုလဲရှိစဉ်ကတည်းက သိကျွမ်းခဲ့တာကြောင့် ချန်ကီအပေါ်ကို ကြာလာသည်နှင့်မမျှ သွေးမတော်သော အမျိုးတစ်ဦးသဖွယ် ကိုးစားလာခဲ့သည်။ ထို့အပြင် ချန်ကီသည် ထိုဆောက်လုပ်ခွင်တွင် ပါဝင်သော တစ်ဦးတည်းသော အမျိုးသမီးဘီတာဖြစ်သည်။  ထို့ကြောင့် တခြားသောအလုပ်လုပ်သူများက သူမကို အမြဲတမ်း ထောက်ထားပေးလေသည်။

" ကျွန်မ သိပါပြီ"

ချန်ကီက လုပ်နေသည်ကို ရပ်လိုက်သည်။ လက်တွင် ဘိလပ်မြေအချောများ ပေကျံနေသည်ကို ဘောင်းဘီတွင် သုတ်လိုက်သည်။ သူမ၏ အလုပ်က ဆောက်လုပ်ရေးတွင် ကူညီရန်ဖြစ်တာကြောင့် သူမက ပေါ့ပေါ့ပါးပါးပင် ဘောင်းဘီရှည်နှင့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရွာကို ရောက်ပြီးနောက် သူမက ဆံပင်ညှပ်ရန်အချိန်မရတာကြောင့် ပခုံးထိ ရှည်လာပြီဖြစ်တဲ့ဆံပင်ကို ချည်ထားသည်။ သာမန်ရုပ်ရည်နဲ့ ဘီတာတစ်ဦး၏ သွင်ပြင်က ထူးခြားမနေခဲ့ပေ။ ချန်ကီက ချွေးစိုနေသည်ကို  တဘတ်နှင့် သုတ်ကာ အပြင်ကို ထွက်လာခဲ့သည်။ 

Happy Marriage : Days After 24 Years OldWhere stories live. Discover now