💗1💙

474 43 3
                                    

"အဖေသမီး ဒီကိစ္စကိုလုံးဝလက်မခံနိုင်ဘူး!!!!!"

"သမီးအဖေကကောင်းဖို့စီစဉ်နေတာကို အထွန့်မတက်နဲ့"

"ဟက်!ဘာကောင်းဖို့လည်း ကိုယ့်သမီးကိုတခြားသူဆီမှာရောင်းစားတာပဲလေ"

"MilkPansa သမီးဆိုးသမီးမိုက်!!"

ဖြန်း****

ခါးတွင်ရှိသော ခါးပတ်ကိုဆွဲရန်းက ကျောပြင်နုနုလေးအား သွေးကျေ ဥမတတ်ရိုက်လိုက်သော Phon Pansa (MilkPansa ၏အဖေ)

"ရိုက်အဖေကြိုက်သလောက်ရိုက် ရိုက်လွန်းလို့သေသွားလည်း သမီးဘာမှမဖြစ်သွားဘူး အေးချမ်းသွားတာပဲ အဖေသာ အသုံးချစရာလူ မရှိတော့မှာ"

"သမီး"

"မခေါ်နဲ့ရွံတယ် အဖေလို့တောင်ခေါ်ထိုက်သေးရဲ့လား?ကိုယ့်စီးပွားရေးအတွက် ကိုယ့်သမီးကိုတခြားယောက်ကျားလက်အပ်မယ်?ဒီနေ့ကစပီး ခများကကျွန်မအဖေမဟုတ်တော့ဘူး"

ထို့သို့ဆိုရင်အခန်းထဲသို့ပြေးဝင်သွားတော့သည်။
အခန်းထဲရောက်တော့လည်း ငိုချပါလေရော။
Milk အဖေက UK က စီးပွားရေးကုန်သွယ်ဖက်တစ်ဦးနဲ့အဆင်ပြေစေရန် သူ့သားနဲ့လက်ထက်ခိုင်းလေရဲ့လေ Milk ကအခုမှ အသက် 20 သာရှိသေးသည်။တက္ကသိုလ်ပီးလျှင် Liam နဲ့လက်ထက်ရမည်လေ။သူ့ဘ၀ကိုလည်းငွေကြေးဥစ္စာတွေမပါပဲ ဖြတ်သန်းချင်သူပင်။
သို့သော် သူကြီးပြင်းလာသောပတ်ဝန်းကျင်နဲ့မအပ်စက်ပေ။အကုန်လုံးက ငွေကြေးဥစ္စာ ဂုဏ်သိက္ခာတွေကိုသာဦးစားပေးကြသောကြောင့် အမြဲလို"စိတ်မသက်သာပေ။ယခုရက်ပိုင်းလည်းအစာလည်းမစားအမြဲငိုနေသောကြောင့် ပိန်ချောင်လာပီးရောဂါသည်တစ်ယောက်လိုပါဖြစ်လေပီ။အရယ်အပြုံးလည်းမရှိတော့ပေ။
***************************

မြို့ထဲကို Pansa မျိုးရိုးများရောက်ရှိလာသဖြင့် ရိုရိုသေသေဆက်ဆံကြဖို့ပြောချင်ပါသည်။
ဦးလေးကြီးတစ်ရောက်အော်နေသည်။

"အဘိုး Pansa မျိုးရိုးတွေဆိုတာဘယ်သူတွေလည်း?"

"ဟင်း...အဘိုးတို့မြို့ရဲ့သြဇာအာဏအကြီးဆုံးလူတွေပဲဆိုပါတော့ ဟိုး....ဘိုးဘေးဘီဘင် လက်ထက်ကတည်းကချမ်းသာကြတဲ့မျိုးရိုးတဲ့ အဘိုးတို့ခေတ်ကတည်းကပေါ့ကွယ်"

"အော်....အဲ့လိုကို"

ထိုသို့ပြောကာ၀င်ရောလာသောမြင်းလှည်းကိုကြည့်ရင်း တစ်ထောင့်တနေရာတွင်ထိုင်နေသော Milk အားတွေ့လိုက်သည်။

"ဟွန်?အဘိုး ဟိုး...ထောင့်နားကတစ်ယောက်ကဘာလို့ငိုမဲ့မဲ့ဖြစ်နေရတာလဲ?အဘိုးပြောသလိုဆိုသူကအရမ်းကံကောင်းတဲ့မိသားစုမှာနေနေရတာပဲကို"

"ဟွန်း....ငါ့မြေးလေးမသိတာတွေအများကြီးရှိပါသေးတယ်ကွယ်။ဘဝမှာငွေရှိရုံနဲ့စိတ်မချမ်းသာဘူးကွယ့်"

Love တစ်ယောက် အလိုမကျသောမျက်နှာဖြင့်ကြည့်လိုက်သည်။သူဘာများမှားပြောလို့လဲ?

Pansa မျိုးရိုးစီးလာသော မြင်းလှည်းကား Rukk မျိုးရိုးအိမ်သို့ရောက်ရှိလာသည်။

___________________________

Vote ပေးသွားကြပါအုန်း💗ရိုမီတနေ့ကိုတပိုင်းတင်နိုင်အောင်တော့လုပ်နေပါတယ်💗💙

အသက်ထပ်ဆုံရာ(Season1) Where stories live. Discover now