"ဟာ....အဘိုး ဟိုမှာPansa မျိုးရိုးတွေ လာ..လာနေတယ်"
"ဟေ...ဟုတ်ပါရဲ့ ဘာအကြောင်းရှိလို့လည်းမသိ"
ထို့နောက်ခြံတခါးသွားဖွင့်ပေးလိုက်သည်။
"ဟုတ်သခင်တို့ ဘာအကြောင်းများရှိပါသလဲ?"
"လာရင်းအကြောင်းကတော့ ဒီကအဘိုးက pawat မျိုးရိုးအိမ်မှာအိမ်စောင့်လုပ်ဖူးတယ်ဆို?"
"ဟုတ်ပါတယ်သခင်။"
"ဘာလို့များထွက်လိုက်ရတာလဲ"
"ကျွန်တော်မျိုးမြေးလေးကြောင့်ပါ။သူ့မိဘနှစ်ပါးလုံးတိမ်းပါးသွားပီးနောက်ပိုင်းကျွန်တော်မျိုးနဲ့လာနေနေတာပါ။ကျွန်တော်မျိုးမြေးလေးကိုတစ်ယောက်ထဲမထားရက်တာကြောင့်ပါသခင်"
"ကျုပ်တို့အိမ်မှာ အိမ်စောင့်လုပ်ပေးနိုင်မလား..အဘိုးမြေးကိုလည်းအတူနေခိုင်းပေါ့"
"မြေးလေးကကျောင်းမပီးသေးဘူးသခင် ကျွန်တော်မျိုးအလုပ်တွေနဲ့ဆို မြေးလေးရဲ့ ကျောင်းနဲ့ပတ်သတ်တာတွေကိုအာရံုမစိုက်နိုင်လောက်ဘူး"
"အဲ့အတွက်မပူပါတယ် ကျုပ်တို့အားလုံးတာဝန်ယူတယ်။ကျောင်းကိုလည်းကျုပ်တို့ စီစဉ်ပေးမယ်။ကျုပ်တို့အိမ်မှာအိမ်စောင့်လိုနေလို့ပါ"
"ကျေး...ကျေးဇူးပါသခင်"
"ရပါတယ်။ဒါဆိုအထုပ်တွေပြင်ထားတော့ မနက်ဖြန်မြင်းလှည်းလာကြိုလိမ့်မယ်"
___________________________
"Love ရေ အထုပ်ပိုးတွေပြင်လိုက်တော့"
"ရှင်အဘိုး...ဘာလို့လဲ?"
"အဘိုး pansa မျိုးရိုးတွေအိမ်တော်မှာ အိမ်စောင့်လုပ်ရမယ်။သခင်တို့က ငါ့မြေးလေးကိုလည်း ကျောင်းထားပေးမယ်တဲ့"
"တကယ်ရီးလားအဘိုး...သမီးအရမ်းပျော်တာပဲ"
"ငါ့မြေးဟိုရောက်ရင် အိနြေရှိ"နေနော်ကြားလား။ပတ်ဝန်းကျင်အမြင်ကြည်အောင်နေ"
"ဟုတ်ကဲ့ပါအဘိုး"
Love စိတ်ထဲပျော်ရွှင်နေသည် အကြောင်းအရင်းမှာ သူမနက်ကတွေ့လိုက်သော အမျိုးသမီးငယ်ကြောင့်ဖြစ်သည်။
YOU ARE READING
အသက်ထပ်ဆုံရာ(Season1)
FanfictionThe flowers are blooming and the seasons are changing The future of the two of us has started to change