"ဟမ်...သွေးတွေနဲ့ပါလား...ငါဒီကောင်မလေးကို မတွေ့ဘူးပါဘူး"
"ဟိတ်...ကောင်မလေး... ဟိတ်....အော်ဘယ်လိုလုပ်ရမလဲ"
Love တစ်ယောက် သတိမေ့သွားသည်ထင်တယ်။Milk လည်းကြံရာမရတော့တဲ့အဆုံး သူမအိပ်ခန်းထဲသာ ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။
ပုပုသေးသေး ကိုယ်လုံးလေးအားပွေ့ချီလျက်အပေါ်ထပ်သို့တက်သွားသည်။တော်သေးတာပေါ့ မနက်ခင်းဆိုတော့ အားလုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ ဘယ်သူမှမမြင်လို့။
ထို့နောက် သူမအိပ်ရာပေါ်သို့အသာအယာလေး ချလိုက်သည်။သူလည်းအခုမှ နိုးတယ် အခုအိပ်ခန်းထဲပြန်လာရတယ်။ပုံမှန်ဆို ဤအချိန်သည်အချိန်ဇယားအရဆိုသူမကိုယ်လက်သန့်စင်ရမည့်အချိန်ပင်။သို့သော် အဖေဖြစ်သူနဲ့ရန်ဖြစ်ထားသောကြောင့် ပေါ့ပျက်ပျက်နေ နေသည်။
"အ့....နာလိုက်တာ"
Love တစ်ယောက်သတိရလာပီဖြစ်လောက်မည်။ထထခြင်းသူမရောက်နေသည့်နေရာကို အံ့သြနေသည်။ဗီရိုအကြီးကြီးတစ်လုံးရယ် မှန်နဲ့အတူ မုန်နံသာ(make up) ခြယ်ရန်ပစ္စည်းများ။ လူ ၄ရောက်လောက်အိပ်လို့ရတဲ့ ကုတင်ကြီး။သူမဒီနေရာဘယ်လိုရောက်နေလဲမသိ။သူမမှတ်မိတာက သစ်ပင်....သစ်ပင်နဲ့ နှာဖူးနဲ့ တိုက်မိတာ။
"အော...မင်းသတိရလာပီကို"
"ဟမ်..."
အနောက်ဘက်မှထွက်လာသောအသံကြောက်အနည်းငယ်ထိန့်လန့်သွားသည်။သူမကြား"ချင်းလှည့်ကြည့်လိုက်တော့ မင်းသမီးလေး...သူဒီအိမ်ကိုလာချင်ရတဲ့အကြောင်းအရင်းလေး။
"မင်း...မင်းသမီးလေး"
"ဟွန်...မင်းက အမကိုသိတာလား"
"သိတာပေါ့ မင်းသမီးလေးက pansa မျိုးရိုးက မင်းသမီးလေးမလား"
"Pansa မျိုးရိုး?အဲ့မျိုးရိုးကိုထည့်မပြောပါနဲ့ ရွံ့လို့"
Love ကအမေးမြန်းထူးတဲ့ကလေးတစ်ယောက်။ပုံမှန်ဆို "ဘာလို့လဲ"လို့ပြန်မေးမိမှာအမှန်။ ယခုတော့ သူ့မမင်းသမီးလေးရဲ့ စိတ်တိုနေတဲ့မျက်နှာကြောင့် ဆက်မမေးရဲတော့ပေ။
Milk ကလည်းထိန့်လန့်သောဟန်တူတဲ့ Love ပုံစံလေးကြောင့် သနားမိသွားသည်။
YOU ARE READING
အသက်ထပ်ဆုံရာ(Season1)
FanfictionThe flowers are blooming and the seasons are changing The future of the two of us has started to change