"မြေးလေး love မြေးလေး...."
အဘိုးမှာ ကြမ်းပြင်ပေါ်တွင်ခွေလှဲနေသော love ကိုလှုပ်နိုးနေသည်။သို့သော် love ကတုတ်တုတ်တောင်မလှုပ်ပေ။အဘိုးသည်စိတ်ပူစွာ အပြင်ဘက်တွေရှိသောအိမ်တော်ထိန်းအားလှမ်းခေါ်နေသည်။
"အိမ်တော်ထိန်းရေ...လာပါအုန်းကွယ် အဘိုးမြေးလေးဘာဖြစ်သွားလဲမသိလို့"
"ခဗျာ..."
"အဘိုးအခန်းထဲကထွက်လာတော့မြေးလေးက ကြမ်းပြင်မှာလဲကျနေတာ အခုနှိုးလို့လဲမရဘူးကွယ် လာကြည့်ပေးပါအုန်း"
"ဟုတ်...ပါပီအဘိုး"
အဘိုးနှင့်အိမ်တော်ထိန်း Love ရှိရာအခန်းရှေ့သို့အလျင်စလိုပြေးသွားသည်။
အိမ်တော်ထိန်းသည် Love ၏လက်ကောက်ဝတ်ကိုစမ်းကြည့်လိုက်သည်။"ကလေးမက အသက်ရှိပါသေးတယ်..ဒါမဲ့လက်ဖျားတွေတော်တော်အေးနေတယ်ကျွန်တော်အခန်းထဲပြန်ထည့်ပေးခဲ့မယ် အဘိုး သခင့်ကိုပြောပြီး ဆရာဝန်ခေါ်ရမလားဆိုတာသတင်းပို့ပေးပါ့မယ်"
"ကောင်းပါပီကွယ်"
အိမ်တော်ထိန်းသည် အဘိုးတို့အခန်းရှေ့မှထွက်ခွာလာပြီးအပေါ်ထပ်တွင်ရှိသော Phon pansa ၏ရုံးခန်းဆီသို့ မြန်မြန်တက်သွားသည်။
ဒေါက်!ဒေါက်!ဒေါက်!
"ဝင်ခဲ့"
"သခင်"
"ဘာကိစ္စရှိလို့လဲ"
"အဘိုး phera rrukk ရဲ့မြေးလေး သတိလစ်နေလို့ ဆရာဝန်ခေါ်ရမလား လာသတင်းပို့တာပါ"
"သတိလစ်တယ် ဘယ်လိုဖြစ်တာလဲ"
"ကျွန်တော်မျိုးလည်းသေချာမသိပါဘူးသခင်"
"ကောင်းပီလေ ဒါဆိုလည်းဆရာဝန်သွားခေါ်လိုက်ပေါ့"
"ဟုတ်ကဲ့ပါသခင်"
အိမ်တော်ထိန်းလည်းရုံးခန်းထဲမှထွက်သွားပြီးနောက်
"ဒီမြေးအဘိုးကလည်းဇယားရှုပ်လိုက်တာ"
.
.
.
.
.
.
.
.
.
.
.
.
.Milk အိပ်ရာမှနိုးနိုးချင်းစိတ်ထဲလေးနေသည်။ဘာလို့မှန်းမသိလန်းလန်းဆန်းဆန်းမရှိ။
YOU ARE READING
အသက်ထပ်ဆုံရာ(Season1)
FanfictionThe flowers are blooming and the seasons are changing The future of the two of us has started to change